ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:11-17 MSB

11 ထို့​ကြောင့် ငါ​ဖြစ်​စေ၊ ထို​သူ​တို့​ဖြစ်​စေ ထို​သို့​ဟော​ပြော​ကြ​၏။ သင်​တို့​သည်​လည်း ထို​သို့​ယုံ​ကြည်​ကြ​၏။

12 ခ​ရစ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီ​ဟု ဟော​ပြော​နေ​ကြ​သည်​မှန်​လျှင် သင်​တို့​ထဲ​မှ အ​ချို့​တို့​က သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု အ​ဘယ်​ကြောင့်​ပြော​ဆို​ကြ​သ​နည်း။

13 သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ခ​ရစ်​တော်​သည်​လည်း ထ​မြောက်​တော်​မူ​ခဲ့​မည်​မ​ဟုတ်။

14 ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​၏​ဟော​ပြော​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​ပြီး သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်​၏။

15 ထို​မျှ​မ​က ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ပတ်​သက်​၍ မ​မှန်​သော​သက်​သေ​ထွက်​ဆို​သော​သူ​များ ဖြစ်​သွား​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​စေ​တော်​မ​မူ​လျှင် ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မ​မူ​သော​ခ​ရစ်​တော်​ကို ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ငါ​တို့​သက်​သေ​ခံ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။

16 အ​ကြောင်း​မူ​ကား သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ခ​ရစ်​တော်​သည်​လည်း ထ​မြောက်​တော်​မူ​ခဲ့​မည်​မ​ဟုတ်။

17 ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​ခဲ့​လျှင် သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​၍ သင်​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ​ထဲ​၌​ရှိ​နေ​ကြ​သေး​၏။