ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:15-21 MSB

15 ထို​မျှ​မ​က ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ပတ်​သက်​၍ မ​မှန်​သော​သက်​သေ​ထွက်​ဆို​သော​သူ​များ ဖြစ်​သွား​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​စေ​တော်​မ​မူ​လျှင် ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မ​မူ​သော​ခ​ရစ်​တော်​ကို ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ငါ​တို့​သက်​သေ​ခံ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။

16 အ​ကြောင်း​မူ​ကား သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ခ​ရစ်​တော်​သည်​လည်း ထ​မြောက်​တော်​မူ​ခဲ့​မည်​မ​ဟုတ်။

17 ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​ခဲ့​လျှင် သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​၍ သင်​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ​ထဲ​၌​ရှိ​နေ​ကြ​သေး​၏။

18 သို့​ဖြစ်​လျှင် ခ​ရစ်​တော်​၌ အိပ်​ပျော်​သော​သူ​တို့​သည်​လည်း ပျက်​စီး​ကြ​လေ​ပြီ။

19 ငါ​တို့​သည် ခ​ရစ်​တော်​၌ ယ​ခု​ဘ​ဝ​အ​တွက်​သာ မျှော်​လင့်​စ​ရာ​ရှိ​ခဲ့​လျှင် လူ​အ​ပေါင်း​တို့​ထက် ပို​၍​သ​နား​စ​ရာ​ကောင်း​သော​သူ​ဖြစ်​ပေ​လိမ့်​မည်။

20 ယ​ခု​မူ​ကား ခ​ရစ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​၍ အိပ်​ပျော်​သော​သူ​တို့​တွင် အ​သီး​ဦး​ဖြစ်​တော်​မူ​ပြီ။

21 အ​ဘယ်​ကြောင့်​ဆို​သော် သေ​ခြင်း​သည် လူ​တစ်​ဦး​အား​ဖြင့် ဖြစ်​လာ​သ​ကဲ့​သို့ သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​သည်​လည်း လူ​တစ်​ဦး​အား​ဖြင့် ဖြစ်​လာ​၏။