ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:22-28 MSB

22 အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ဆုံး​ရ​ကြ​သည့်​နည်း​တူ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​စေ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

23 သို့​သော် တစ်​ဦး​စီ​၌ မိ​မိ​အ​လှည့်​ရှိ​၍ ခ​ရစ်​တော်​သည် အ​သီး​ဦး​ဖြစ်​တော်​မူ​၏။ ထို့​နောက် ခ​ရစ်​တော်​နှင့်​ဆိုင်​သော​သူ​တို့​သည် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ ထ​မြောက်​ကြ​လိမ့်​မည်။

24 ထို့​နောက် အ​ဆုံး​သည်​ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​သည် အုပ်​ချုပ်​မှု​ရှိ​သ​မျှ၊ တန်​ခိုး​နှင့်​အာ​ဏာ​စက်​ရှိ​သ​မျှ​တို့​ကို​ဖျက်​ဆီး​၍ နိုင်​ငံ​တော်​ကို ခ​မည်း​တော်​ဘု​ရား​သ​ခင်​ထံ​သို့ အပ်​နှံ​တော်​မူ​လိမ့်​မည်။

25 အ​ကြောင်း​မူ​ကား ရန်​သူ​အ​ပေါင်း​တို့​ကို ကိုယ်​တော်​၏​ခြေ​ဖ​ဝါး​အောက်​၌​ချ​ထား​သည်​အ​ထိ ကိုယ်​တော်​သည်​အုပ်​စိုး​ရ​မည်​ဖြစ်​၏။

26 ဖျက်​ဆီး​ခြင်း​ခံ​ရ​မည့် နောက်​ဆုံး​ရန်​သူ​မှာ သေ​ခြင်း​ဖြစ်​၏။

27 အ​ကြောင်း​မူ​ကား “ဘု​ရား​သ​ခင်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​၏​ခြေ​ဖ​ဝါး​အောက်​၌​ချ​ထား​၍ နာ​ခံ​စေ​တော်​မူ​၏။” အ​ရာ​ခပ်​သိမ်း​တို့​ကို နာ​ခံ​စေ​တော်​မူ​၏​ဟု ဆို​ရာ​တွင် အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​အား နာ​ခံ​စေ​တော်​မူ​သော​အ​ရှင်​သည် ထို​အ​ရာ​များ​ထဲ​၌​မ​ပါ​ကြောင်း ထင်​ရှား​၏။

28 အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​အား နာ​ခံ​စေ​တော်​မူ​သော​အ​ခါ သား​တော်​ကိုယ်​တိုင်​သည်​လည်း အ​ရာ​ခပ်​သိမ်း​တို့​ကို မိ​မိ​အား​နာ​ခံ​စေ​တော်​မူ​သော​အ​ရှင်​ကို နာ​ခံ​တော်​မူ​လိမ့်​မည်။ ဤ​သည်​ကား ဘု​ရား​သ​ခင်​သည် အ​လုံး​စုံ​တို့​၌ အ​လုံး​စုံ​ဖြစ်​တော်​မူ​မည့်​အ​ကြောင်း​တည်း။