ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:27-33 MSB

27 အ​ကြောင်း​မူ​ကား “ဘု​ရား​သ​ခင်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​၏​ခြေ​ဖ​ဝါး​အောက်​၌​ချ​ထား​၍ နာ​ခံ​စေ​တော်​မူ​၏။” အ​ရာ​ခပ်​သိမ်း​တို့​ကို နာ​ခံ​စေ​တော်​မူ​၏​ဟု ဆို​ရာ​တွင် အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​အား နာ​ခံ​စေ​တော်​မူ​သော​အ​ရှင်​သည် ထို​အ​ရာ​များ​ထဲ​၌​မ​ပါ​ကြောင်း ထင်​ရှား​၏။

28 အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​အား နာ​ခံ​စေ​တော်​မူ​သော​အ​ခါ သား​တော်​ကိုယ်​တိုင်​သည်​လည်း အ​ရာ​ခပ်​သိမ်း​တို့​ကို မိ​မိ​အား​နာ​ခံ​စေ​တော်​မူ​သော​အ​ရှင်​ကို နာ​ခံ​တော်​မူ​လိမ့်​မည်။ ဤ​သည်​ကား ဘု​ရား​သ​ခင်​သည် အ​လုံး​စုံ​တို့​၌ အ​လုံး​စုံ​ဖြစ်​တော်​မူ​မည့်​အ​ကြောင်း​တည်း။

29 သို့​ဖြစ်​လျှင် သေ​လွန်​သော​သူ​တို့​၏​ကိုယ်​စား ဗတ္တိ​ဇံ​ခံ​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် ထို​သို့​ပြု​ရ​ကြ​သ​နည်း။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​လျှင်း​မ​ရှိ​လျှင် အ​ဘယ်​ကြောင့် သူ​တို့​ကိုယ်​စား ဗတ္တိ​ဇံ​ခံ​စ​ရာ​ရှိ​သ​နည်း။

30 ငါ​တို့​သည်​လည်း အ​ဘယ်​ကြောင့် အန္တ​ရာယ်​နှင့် အ​စဉ်​အ​မြဲ​ရင်​ဆိုင်​နေ​ရ​သ​နည်း။

31 ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​၌ သင်​တို့​ကြောင့် ငါ​ရ​ရှိ​သော​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​ကို​တိုင်​တည်​၍ “ငါ​သည် နေ့​တိုင်း​သေ​နေ​ရ​၏”​ဟု ငါ​ဆို​၏။

32 ငါ​သည် လူ့​သ​ဘော​ဖြင့် ဧ​ဖက်​မြို့​၌ သား​ရဲ​တို့​နှင့်​တိုက်​ခိုက်​ခဲ့​သည်​ဆို​လျှင် ငါ့​အ​တွက် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ငါ​တို့​သည် မ​နက်​ဖြန်​သေ​ရ​ကြ​မည်​ဖြစ်​၍ စား​လျက်​သောက်​လျက်​နေ​ကြ​ကုန်​စို့။

33 အ​ယူ​မ​လွဲ​ကြ​နှင့်။ မ​ကောင်း​သော​အ​ပေါင်း​အ​ဖော်​တို့​သည် ကောင်း​သော​အ​ကျင့်​စာ​ရိတ္တ​ကို ပျက်​စီး​စေ​ကြ​၏။