ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:30-36 MSB

30 ငါ​တို့​သည်​လည်း အ​ဘယ်​ကြောင့် အန္တ​ရာယ်​နှင့် အ​စဉ်​အ​မြဲ​ရင်​ဆိုင်​နေ​ရ​သ​နည်း။

31 ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​၌ သင်​တို့​ကြောင့် ငါ​ရ​ရှိ​သော​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​ကို​တိုင်​တည်​၍ “ငါ​သည် နေ့​တိုင်း​သေ​နေ​ရ​၏”​ဟု ငါ​ဆို​၏။

32 ငါ​သည် လူ့​သ​ဘော​ဖြင့် ဧ​ဖက်​မြို့​၌ သား​ရဲ​တို့​နှင့်​တိုက်​ခိုက်​ခဲ့​သည်​ဆို​လျှင် ငါ့​အ​တွက် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ငါ​တို့​သည် မ​နက်​ဖြန်​သေ​ရ​ကြ​မည်​ဖြစ်​၍ စား​လျက်​သောက်​လျက်​နေ​ကြ​ကုန်​စို့။

33 အ​ယူ​မ​လွဲ​ကြ​နှင့်။ မ​ကောင်း​သော​အ​ပေါင်း​အ​ဖော်​တို့​သည် ကောင်း​သော​အ​ကျင့်​စာ​ရိတ္တ​ကို ပျက်​စီး​စေ​ကြ​၏။

34 အ​မြင်​မှန်​ရ​ကြ​လော့။ အ​ပြစ်​ကို​မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား အ​ချို့​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ပတ်​သက်​၍ အ​သိ​ဉာဏ်​ကင်း​မဲ့​ကြ​၏။ သင်​တို့​ကို​အ​ရှက်​ရ​စေ​ရန် ဤ​သို့​ငါ​ပြော​၏။

35 သို့​သော် လူ​အ​ချို့​တို့​က “သေ​လွန်​သော​သူ​တို့​သည် မည်​သို့​ထ​မြောက်​ကြ​မည်​နည်း။ မည်​သို့​သော​ကိုယ်​ခန္ဓာ​ဖြင့် ပေါ်​လာ​ကြ​မည်​နည်း”​ဟု မေး​မြန်း​ကြ​လိမ့်​မည်။

36 အ​ချင်း​လူ​မိုက်၊ သင်​စိုက်​ပျိုး​သော​အ​ရာ​သည် မ​ပျက်​လျှင် ရှင်​သန်​လာ​မည်​မ​ဟုတ်။