ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:33-39 MSB

33 အ​ယူ​မ​လွဲ​ကြ​နှင့်။ မ​ကောင်း​သော​အ​ပေါင်း​အ​ဖော်​တို့​သည် ကောင်း​သော​အ​ကျင့်​စာ​ရိတ္တ​ကို ပျက်​စီး​စေ​ကြ​၏။

34 အ​မြင်​မှန်​ရ​ကြ​လော့။ အ​ပြစ်​ကို​မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား အ​ချို့​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ပတ်​သက်​၍ အ​သိ​ဉာဏ်​ကင်း​မဲ့​ကြ​၏။ သင်​တို့​ကို​အ​ရှက်​ရ​စေ​ရန် ဤ​သို့​ငါ​ပြော​၏။

35 သို့​သော် လူ​အ​ချို့​တို့​က “သေ​လွန်​သော​သူ​တို့​သည် မည်​သို့​ထ​မြောက်​ကြ​မည်​နည်း။ မည်​သို့​သော​ကိုယ်​ခန္ဓာ​ဖြင့် ပေါ်​လာ​ကြ​မည်​နည်း”​ဟု မေး​မြန်း​ကြ​လိမ့်​မည်။

36 အ​ချင်း​လူ​မိုက်၊ သင်​စိုက်​ပျိုး​သော​အ​ရာ​သည် မ​ပျက်​လျှင် ရှင်​သန်​လာ​မည်​မ​ဟုတ်။

37 သင်​စိုက်​ပျိုး​သော​အ​ရာ​သည်​လည်း နောက်​ဖြစ်​လာ​မည့်​ကိုယ်​ထည်​ကို စိုက်​ပျိုး​သည်​မ​ဟုတ်​ဘဲ ဂျုံ သို့​မ​ဟုတ် အ​ခြား​သီး​နှံ​၏​အ​စေ့​သက်​သက်​ကို​သာ စိုက်​ပျိုး​၏။

38 သို့​သော် ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည့်​အ​တိုင်း ထို​အ​စေ့​အား ကိုယ်​ထည်​ကို​ပေး​တော်​မူ​၍ အ​စေ့​တစ်​စေ့​စီ​အား မိ​မိ​အ​မျိုး​အ​စား​အ​လိုက် ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။

39 အ​သား​အား​လုံး​သည် တစ်​မျိုး​တည်း​မ​ဟုတ်။ လူ​တို့​၏​အ​သား​သည် တစ်​မျိုး၊ တိ​ရစ္ဆာန်​တို့​၏​အ​သား​သည်​လည်း တစ်​မျိုး၊ ကျေး​ငှက်​တို့​၏​အ​သား​သည်​လည်း တစ်​မျိုး၊ ငါး​တို့​၏​အ​သား​သည်​လည်း တစ်​မျိုး​ဖြစ်​၏။