35 သို့သော် လူအချို့တို့က “သေလွန်သောသူတို့သည် မည်သို့ထမြောက်ကြမည်နည်း။ မည်သို့သောကိုယ်ခန္ဓာဖြင့် ပေါ်လာကြမည်နည်း”ဟု မေးမြန်းကြလိမ့်မည်။
36 အချင်းလူမိုက်၊ သင်စိုက်ပျိုးသောအရာသည် မပျက်လျှင် ရှင်သန်လာမည်မဟုတ်။
37 သင်စိုက်ပျိုးသောအရာသည်လည်း နောက်ဖြစ်လာမည့်ကိုယ်ထည်ကို စိုက်ပျိုးသည်မဟုတ်ဘဲ ဂျုံ သို့မဟုတ် အခြားသီးနှံ၏အစေ့သက်သက်ကိုသာ စိုက်ပျိုး၏။
38 သို့သော် ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအစေ့အား ကိုယ်ထည်ကိုပေးတော်မူ၍ အစေ့တစ်စေ့စီအား မိမိအမျိုးအစားအလိုက် ကိုယ်ထည်ကိုပေးတော်မူ၏။
39 အသားအားလုံးသည် တစ်မျိုးတည်းမဟုတ်။ လူတို့၏အသားသည် တစ်မျိုး၊ တိရစ္ဆာန်တို့၏အသားသည်လည်း တစ်မျိုး၊ ကျေးငှက်တို့၏အသားသည်လည်း တစ်မျိုး၊ ငါးတို့၏အသားသည်လည်း တစ်မျိုးဖြစ်၏။
40 ကောင်းကင်ကိုယ်ခန္ဓာများရှိ၍ မြေကြီးကိုယ်ခန္ဓာများလည်းရှိ၏။ သို့သော် ကောင်းကင်ကိုယ်ခန္ဓာ၏ဘုန်းအသရေသည် တစ်မျိုးဖြစ်၍ မြေကြီးကိုယ်ခန္ဓာ၏ဘုန်းအသရေသည်လည်း တစ်မျိုးဖြစ်၏။
41 နေ၏ဘုန်းအသရေသည် တစ်မျိုး၊ လ၏ဘုန်းအသရေသည်လည်း တစ်မျိုး၊ ကြယ်များ၏ဘုန်းအသရေသည်လည်း တစ်မျိုးဖြစ်၏။ ကြယ်တစ်လုံးချင်း၏ဘုန်းအသရေသည်လည်း ခြားနားကြ၏။