ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:36-42 MSB

36 အ​ချင်း​လူ​မိုက်၊ သင်​စိုက်​ပျိုး​သော​အ​ရာ​သည် မ​ပျက်​လျှင် ရှင်​သန်​လာ​မည်​မ​ဟုတ်။

37 သင်​စိုက်​ပျိုး​သော​အ​ရာ​သည်​လည်း နောက်​ဖြစ်​လာ​မည့်​ကိုယ်​ထည်​ကို စိုက်​ပျိုး​သည်​မ​ဟုတ်​ဘဲ ဂျုံ သို့​မ​ဟုတ် အ​ခြား​သီး​နှံ​၏​အ​စေ့​သက်​သက်​ကို​သာ စိုက်​ပျိုး​၏။

38 သို့​သော် ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည့်​အ​တိုင်း ထို​အ​စေ့​အား ကိုယ်​ထည်​ကို​ပေး​တော်​မူ​၍ အ​စေ့​တစ်​စေ့​စီ​အား မိ​မိ​အ​မျိုး​အ​စား​အ​လိုက် ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။

39 အ​သား​အား​လုံး​သည် တစ်​မျိုး​တည်း​မ​ဟုတ်။ လူ​တို့​၏​အ​သား​သည် တစ်​မျိုး၊ တိ​ရစ္ဆာန်​တို့​၏​အ​သား​သည်​လည်း တစ်​မျိုး၊ ကျေး​ငှက်​တို့​၏​အ​သား​သည်​လည်း တစ်​မျိုး၊ ငါး​တို့​၏​အ​သား​သည်​လည်း တစ်​မျိုး​ဖြစ်​၏။

40 ကောင်း​ကင်​ကိုယ်​ခန္ဓာ​များ​ရှိ​၍ မြေ​ကြီး​ကိုယ်​ခန္ဓာ​များ​လည်း​ရှိ​၏။ သို့​သော် ကောင်း​ကင်​ကိုယ်​ခန္ဓာ​၏​ဘုန်း​အ​သ​ရေ​သည် တစ်​မျိုး​ဖြစ်​၍ မြေ​ကြီး​ကိုယ်​ခန္ဓာ​၏​ဘုန်း​အ​သ​ရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။

41 နေ​၏​ဘုန်း​အ​သ​ရေ​သည် တစ်​မျိုး၊ လ​၏​ဘုန်း​အ​သ​ရေ​သည်​လည်း တစ်​မျိုး၊ ကြယ်​များ​၏​ဘုန်း​အ​သ​ရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။ ကြယ်​တစ်​လုံး​ချင်း​၏​ဘုန်း​အ​သ​ရေ​သည်​လည်း ခြား​နား​ကြ​၏။

42 သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​သည်​လည်း ထို​နည်း​တူ​ဖြစ်​၏။ ဖောက်​ပြန်​ပျက်​စီး​တတ်​သော​အ​ရာ​အ​ဖြစ် စိုက်​ပျိုး​ခြင်း​ခံ​ရ​၍ ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​၏။