4 ထို့နောက် သင်္ဂြိုဟ်ခြင်းကိုခံတော်မူပြီး ကျမ်းစာနှင့်အညီ သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူခဲ့ကြောင်းနှင့်
5 ကေဖထံ ထင်ရှားပြတော်မူပြီးနောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထံ ထင်ရှားပြတော်မူခဲ့ကြောင်းတို့ဖြစ်၏။
6 ထို့နောက် ကိုယ်တော်သည် ညီအစ်ကိုငါးရာကျော်တို့ထံ တစ်ပြိုင်တည်းမှာပင် ထင်ရှားပြတော်မူ၏။ ထိုသူတို့ထဲမှ အချို့တို့သည် အိပ်ပျော်ကြပြီဖြစ်သော်လည်း အများစုတို့သည် ယခုတိုင်အောင် အသက်ရှင်လျက်ရှိသေး၏။
7 ထို့နောက် ကိုယ်တော်သည် ယာကုပ်ထံ ထင်ရှားပြတော်မူပြီး တမန်တော်အားလုံးတို့ထံ ထင်ရှားပြတော်မူ၏။
8 နောက်ဆုံးတွင် အချိန်မတော်မတန်မွေးလာသောသူနှင့်တူသည့် ငါ့ထံလည်း ထင်ရှားပြတော်မူ၏။
9 အမှန်စင်စစ် ငါသည် ဘုရားသခင်၏အသင်းတော်ကို ညှဉ်းဆဲခဲ့သောကြောင့် တမန်တော်များထဲတွင် အသေးသိမ်ဆုံးသောသူဖြစ်ပြီး တမန်တော်ဟုခေါ်ဝေါ်ခြင်းကိုပင် မခံထိုက်ပေ။
10 သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။