ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:43-49 MSB

43 အ​သ​ရေ​မ​ရှိ​သော​အ​ရာ​အ​ဖြစ် စိုက်​ပျိုး​ခြင်း​ခံ​ရ​၍ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​အ​ရာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​၏။ အား​နည်း​သော​အ​ရာ​အ​ဖြစ် စိုက်​ပျိုး​ခြင်း​ခံ​ရ​၍ ခွန်​အား​နှင့်​ပြည့်​စုံ​သော​အ​ရာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​၏။

44 ဇာ​တိ​ကိုယ်​ခန္ဓာ​အ​ဖြစ် စိုက်​ပျိုး​ခြင်း​ခံ​ရ​၍ ဝိ​ညာဉ်​ကိုယ်​ခန္ဓာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​၏။ ဇာ​တိ​ကိုယ်​ခန္ဓာ​ရှိ​လျှင် ဝိ​ညာဉ်​ကိုယ်​ခန္ဓာ​လည်း​ရှိ​၏။

45 ထို့​ကြောင့် ကျမ်း​စာ​၌ “ပ​ထ​မ​လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော​သူ​ဖြစ်​လာ​၏”​ဟု ရေး​ထား​၏။ နောက်​ဆုံး​အာ​ဒံ​သည် အ​သက်​ကို​ရ​ရှိ​စေ​သော​ဝိ​ညာဉ်​ဖြစ်​၏။

46 သို့​သော် ဝိ​ညာဉ်​နှင့်​ဆိုင်​သော​အ​ရာ​သည် ဦး​စွာ​ဖြစ်​သည်​မ​ဟုတ်။ ဇာ​တိ​နှင့်​ဆိုင်​သော​အ​ရာ​ဖြစ်​ပြီး​မှ ဝိ​ညာဉ်​နှင့်​ဆိုင်​သော​အ​ရာ​သည် ဖြစ်​ပေါ်​လာ​၏။

47 ပ​ထ​မ​လူ​သည် မြေ​ကြီး​မှ​ဖြစ်​၍ မြေ​မှုန့်​နှင့်​ဆိုင်​၏။ ဒု​တိ​ယ​လူ​သည် ကောင်း​ကင်​မှ​ဖြစ်​၏။

48 မြေ​မှုန့်​နှင့်​ဆိုင်​သော​သူ​သည် မြေ​မှုန့်​နှင့်​ဆိုင်​သော​သူ​ကဲ့​သို့​ဖြစ်​၏။ ကောင်း​ကင်​နှင့်​ဆိုင်​သော​သူ​မူ​ကား ကောင်း​ကင်​နှင့်​ဆိုင်​သော​သူ​ကဲ့​သို့​ဖြစ်​၏။

49 ငါ​တို့​သည် မြေ​မှုန့်​နှင့်​ဆိုင်​သော​သူ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​သ​ကဲ့​သို့ ကောင်း​ကင်​နှင့်​ဆိုင်​သော​သူ​၏​ပုံ​သဏ္ဌာန်​ကို​လည်း ဆောင်​ရ​ကြ​လိမ့်​မည်။