45 ထို့ကြောင့် ကျမ်းစာ၌ “ပထမလူအာဒံသည် အသက်ရှင်သောသူဖြစ်လာ၏”ဟု ရေးထား၏။ နောက်ဆုံးအာဒံသည် အသက်ကိုရရှိစေသောဝိညာဉ်ဖြစ်၏။
46 သို့သော် ဝိညာဉ်နှင့်ဆိုင်သောအရာသည် ဦးစွာဖြစ်သည်မဟုတ်။ ဇာတိနှင့်ဆိုင်သောအရာဖြစ်ပြီးမှ ဝိညာဉ်နှင့်ဆိုင်သောအရာသည် ဖြစ်ပေါ်လာ၏။
47 ပထမလူသည် မြေကြီးမှဖြစ်၍ မြေမှုန့်နှင့်ဆိုင်၏။ ဒုတိယလူသည် ကောင်းကင်မှဖြစ်၏။
48 မြေမှုန့်နှင့်ဆိုင်သောသူသည် မြေမှုန့်နှင့်ဆိုင်သောသူကဲ့သို့ဖြစ်၏။ ကောင်းကင်နှင့်ဆိုင်သောသူမူကား ကောင်းကင်နှင့်ဆိုင်သောသူကဲ့သို့ဖြစ်၏။
49 ငါတို့သည် မြေမှုန့်နှင့်ဆိုင်သောသူ၏ပုံသဏ္ဌာန်ကိုဆောင်သကဲ့သို့ ကောင်းကင်နှင့်ဆိုင်သောသူ၏ပုံသဏ္ဌာန်ကိုလည်း ဆောင်ရကြလိမ့်မည်။
50 ညီအစ်ကိုတို့၊ ငါဆိုသည်ကား အသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံ၍မရနိုင်။ ဖောက်ပြန်ပျက်စီးတတ်သောအရာသည်လည်း ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကို အမွေဆက်ခံ၍မရနိုင်။
51 နားထောင်ကြလော့။ ငါသည် သင်တို့အား လျှို့ဝှက်နက်နဲသောအရာကို ပြောဦးမည်။ ငါတို့အားလုံးသည် အိပ်ပျော်ကြရမည်မဟုတ်။