ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:52-58 MSB

52 သို့​သော် နောက်​ဆုံး​သော​တံ​ပိုး​ခ​ရာ​မှုတ်​ချိန်​၌ မျက်​စိ​တစ်​မှိတ်​အ​တွင်း တစ်​ခ​ဏ​ချင်း​တွင် ငါ​တို့​အား​လုံး​သည် ပြောင်း​လဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား တံ​ပိုး​ခ​ရာ​မှုတ်​သော​အ​ခါ သေ​လွန်​သော​သူ​တို့​သည် ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ငါ​တို့​သည်​လည်း ပြောင်း​လဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်​မည်။

53 အ​ဘယ်​ကြောင့်​ဆို​သော် ဤ​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​အ​ရာ​သည် ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို ဝတ်​ဆင်​ရ​မည်​ဖြစ်​၍ ဤ​သေ​တတ်​သော​အ​ရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို ဝတ်​ဆင်​ရ​မည်​ဖြစ်​၏။

54 ဤ​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​အ​ရာ​သည် ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို​ဝတ်​ဆင်​၍ ဤ​သေ​တတ်​သော​အ​ရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို ဝတ်​ဆင်​သော​အ​ခါ “သေ​ခြင်း​သည် အောင်​မြင်​ခြင်း​၌ နစ်​မြုပ်​လေ​ပြီ”​ဟု ရေး​ထား​သော ကျမ်း​စ​ကား​ပြည့်​စုံ​လိမ့်​မည်။

55 “အို သေ​ခြင်း၊ သင်​၏​အောင်​မြင်​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ အို သေ​ခြင်း၊ သင်​၏​အ​ဆိပ်​ဆူး​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။”

56 သေ​ခြင်း​၏​အ​ဆိပ်​ဆူး​သည် အ​ပြစ်​ဖြစ်​၍ အ​ပြစ်​၏​တန်​ခိုး​သည် ပ​ညတ်​တ​ရား​ဖြစ်​၏။

57 သို့​သော် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား အောင်​မြင်​ခြင်း​ကို​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။

58 ထို့​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​၌ သင်​တို့​၏​ကြိုး​ပမ်း​အား​ထုတ်​မှု​သည် အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​သိ​မှတ်​၍ ခိုင်​မြဲ​စွာ​ရပ်​တည်​လျက် ဖောက်​ပြန်​ရွေ့​လျော​ခြင်း​မ​ရှိ​ဘဲ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို အ​စဉ်​အ​မြဲ စွမ်း​စွမ်း​တ​မံ​ဆောင်​ရွက်​ကြ​လော့။