55 “အို သေခြင်း၊ သင်၏အောင်မြင်ခြင်းသည် အဘယ်မှာရှိသနည်း။ အို သေခြင်း၊ သင်၏အဆိပ်ဆူးသည် အဘယ်မှာရှိသနည်း။”
56 သေခြင်း၏အဆိပ်ဆူးသည် အပြစ်ဖြစ်၍ အပြစ်၏တန်ခိုးသည် ပညတ်တရားဖြစ်၏။
57 သို့သော် ငါတို့သခင်ယေရှုခရစ်တော်အားဖြင့် ငါတို့အား အောင်မြင်ခြင်းကိုပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။
58 ထို့ကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သခင်ဘုရား၌ သင်တို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိမှတ်၍ ခိုင်မြဲစွာရပ်တည်လျက် ဖောက်ပြန်ရွေ့လျောခြင်းမရှိဘဲ သခင်ဘုရား၏အမှုတော်ကို အစဉ်အမြဲ စွမ်းစွမ်းတမံဆောင်ရွက်ကြလော့။