ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:7-13 MSB

7 ထို့​နောက် ကိုယ်​တော်​သည် ယာ​ကုပ်​ထံ ထင်​ရှား​ပြ​တော်​မူ​ပြီး တ​မန်​တော်​အား​လုံး​တို့​ထံ ထင်​ရှား​ပြ​တော်​မူ​၏။

8 နောက်​ဆုံး​တွင် အ​ချိန်​မ​တော်​မ​တန်​မွေး​လာ​သော​သူ​နှင့်​တူ​သည့် ငါ့​ထံ​လည်း ထင်​ရှား​ပြ​တော်​မူ​၏။

9 အ​မှန်​စင်​စစ် ငါ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို ညှဉ်း​ဆဲ​ခဲ့​သော​ကြောင့် တ​မန်​တော်​များ​ထဲ​တွင် အ​သေး​သိမ်​ဆုံး​သော​သူ​ဖြစ်​ပြီး တ​မန်​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ကို​ပင် မ​ခံ​ထိုက်​ပေ။

10 သို့​ရာ​တွင် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ယ​ခု ငါ​ဖြစ်​သည့်​အ​တိုင်း ငါ​ဖြစ်​၏။ ငါ့​အ​ပေါ်​သက်​ရောက်​သော ကိုယ်​တော်​၏​ကျေး​ဇူး​တော်​သည်​လည်း အ​ချည်း​နှီး​မ​ဖြစ်​သည်​သာ​မ​က ငါ​သည် သူ​တို့​အား​လုံး​ထက် သာ​၍​ကြိုး​စား​လုပ်​ဆောင်​ခဲ့​၏။ ထို​သို့​ဆို​သော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​က​သာ လုပ်​ဆောင်​တော်​မူ​ခြင်း​ဖြစ်​၏။

11 ထို့​ကြောင့် ငါ​ဖြစ်​စေ၊ ထို​သူ​တို့​ဖြစ်​စေ ထို​သို့​ဟော​ပြော​ကြ​၏။ သင်​တို့​သည်​လည်း ထို​သို့​ယုံ​ကြည်​ကြ​၏။

12 ခ​ရစ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီ​ဟု ဟော​ပြော​နေ​ကြ​သည်​မှန်​လျှင် သင်​တို့​ထဲ​မှ အ​ချို့​တို့​က သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု အ​ဘယ်​ကြောင့်​ပြော​ဆို​ကြ​သ​နည်း။

13 သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ခ​ရစ်​တော်​သည်​လည်း ထ​မြောက်​တော်​မူ​ခဲ့​မည်​မ​ဟုတ်။