ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 16:19-24 MSB

19 အာ​ရှ​ပြည်​ရှိ​အ​သင်း​တော်​များ​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။ အာ​ကု​လ​နှင့်​ပြစ်​ကိ​လ​တို့​မှ​စ​၍ သူ​တို့​အိမ်​၌​စု​ဝေး​သော​အ​သင်း​တော်​သည် သ​ခင်​ဘု​ရား​၌ သင်​တို့​ကို​လှိုက်​လှဲ​စွာ​နှုတ်​ဆက်​ကြ​၏။

20 ညီ​အစ်​ကို​အ​ပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။ အ​ချင်း​ချင်း​သန့်​ရှင်း​သော​အ​နမ်း​ဖြင့် နှုတ်​ဆက်​ကြ​လော့။

21 ဤ​နှုတ်​ဆက်​စ​ကား​ကို ငါ​ပေါ​လု​ကိုယ်​တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။

22 မည်​သူ​မ​ဆို သ​ခင်​ဘု​ရား​ကို​မ​ချစ်​လျှင် ကျိန်​ခြင်း​ကို​ခံ​ပါ​စေ။ သ​ခင်​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။

23 သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

24 ငါ​၏​ချစ်​ခြင်း​မေတ္တာ​သည် ခ​ရစ်​တော်​ယေ​ရှု​၌ သင်​တို့​အား​လုံး​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။