1 ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့ရောက်လာစဉ်က ထူးမြတ်သောစကားနှင့် ဉာဏ်ပညာတို့အားဖြင့် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ဟောပြောသည်မဟုတ်။
2 အကြောင်းမူကား ငါသည် သင်တို့တွင် ယေရှုခရစ်တော်တည်းဟူသော လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသည့် ထိုသခင်၏အကြောင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မသိမမှတ်ရန် ဆုံးဖြတ်ထား၏။
3 ငါသည် သင်တို့နှင့်အတူရှိစဉ်က အားနည်း၍ ကြောက်ရွံ့ကာ အလွန်တုန်လှုပ်လျက်နေ၏။
4 ငါ၏စကားနှင့် ငါ၏ဟောပြောချက်တို့သည်လည်း ဆွဲဆောင်မှုရှိသည့် ဉာဏ်ပညာစကားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်နှင့် တန်ခိုးတော်တို့၏သက်သေအထောက်အထားအားဖြင့်ဖြစ်၏။