ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:13-19 MSB

13 ထို​သူ​ပြု​လုပ်​သော​အ​ရာ​သည် ထင်​ရှား​လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ထို​နေ့​ရက်​သည် ၎င်း​ကို​ထင်​ရှား​စေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​နေ့​ရက်​သည် မီး​အား​ဖြင့်​ပေါ်​ထွန်း​လာ​၍ လူ​တစ်​ဦး​စီ​ပြု​လုပ်​သော​အ​ရာ​သည် မည်​ကဲ့​သို့​ပြု​လုပ်​ထား​သည်​ကို မီး​သည်​စစ်​ဆေး​လိမ့်​မည်။

14 တစ်​စုံ​တစ်​ဦး​တည်​ဆောက်​ပြု​လုပ်​သော​အ​ရာ​သည် တည်​မြဲ​လျှင် ထို​သူ​သည် ဆု​လာဘ်​ကို​ရ​ရှိ​လိမ့်​မည်။

15 တစ်​စုံ​တစ်​ဦး​ပြု​လုပ်​သော​အ​ရာ​သည် လောင်​ကျွမ်း​သွား​ပါ​က ထို​သူ​သည် ဆုံး​ရှုံး​မှု​ကို​ခံ​စား​ရ​လိမ့်​မည်။ သို့​သော် သူ​ကိုယ်​တိုင်​မူ​ကား မီး​ထဲ​မှ​လွတ်​သော​သူ​ကဲ့​သို့ ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

16 သင်​တို့​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ်​ကြ​ပြီး ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​ကိန်း​ဝပ်​တော်​မူ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သ​လော။

17 မည်​သူ​မ​ဆို ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​ဖျက်​ဆီး​လျှင် ဘု​ရား​သ​ခင်​သည် သူ့​ကို​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သည် သန့်​ရှင်း​၍ သင်​တို့​သည် ထို​ဗိ​မာန်​တော်​ဖြစ်​ကြ​၏။

18 မည်​သူ​မျှ ကိုယ့်​ကိုယ်​ကိုယ်​မ​လှည့်​ဖြား​စေ​နှင့်။ သင်​တို့​တွင် တစ်​စုံ​တစ်​ဦး​က မိ​မိ​သည် ဤ​လော​က​၌ ပ​ညာ​ရှိ​ဖြစ်​သည်​ဟု​ထင်​မှတ်​လျှင် ထို​သူ​သည် ပ​ညာ​ရှိ​ဖြစ်​နိုင်​ရန် မိုက်​မဲ​သော​သူ​ဖြစ်​ပါ​စေ။

19 အ​ကြောင်း​မူ​ကား ဤ​လော​က​၏​ဉာဏ်​ပ​ညာ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ မိုက်​မဲ​သော​အ​ရာ​ဖြစ်​၏။ “ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို သူ​တို့​၏​ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​၏။