ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:7-13 MSB

7 ထို့​ကြောင့် စိုက်​ပျိုး​သော​သူ​ဖြစ်​စေ၊ ရေ​လောင်း​သော​သူ​ဖြစ်​စေ ပ​ဓာ​န​မ​ဟုတ်။ ကြီး​ထွား​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် ပ​ဓာ​န​ဖြစ်​တော်​မူ​၏။

8 စိုက်​ပျိုး​သော​သူ​နှင့်​ရေ​လောင်း​သော​သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​ပြီး အ​သီး​သီး​တို့​သည် မိ​မိ​ကြိုး​ပမ်း​အား​ထုတ်​သည့်​အ​တိုင်း ဆု​လာဘ်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။

9 အ​ကြောင်း​မူ​ကား ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​လုပ်​ဖော်​ဆောင်​ဖက်​များ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်၊ ဘု​ရား​သ​ခင်​၏​အ​ဆောက်​အ​အုံ​ဖြစ်​ကြ​၏။

10 ငါ့​အား ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ​သော ကျေး​ဇူး​တော်​နှင့်​အ​ညီ ပ​ညာ​ရှိ​သော​ဗိ​သု​ကာ​ကဲ့​သို့ ငါ​သည် အုတ်​မြစ်​ကို​ချ​ထား​ခဲ့​ပြီး အ​ခြား​သော​သူ​သည် ၎င်း​အ​ပေါ်​တွင်​တည်​ဆောက်​၏။ သို့​သော် မည်​ကဲ့​သို့​တည်​ဆောက်​သည်​ကို လူ​တိုင်း​သ​တိ​ပြု​ရ​မည်။

11 အ​ကြောင်း​မူ​ကား ယေ​ရှု​ခ​ရစ်​တော်​တည်း​ဟူ​သော ချ​ထား​ပြီး​ဖြစ်​သည့်​အုတ်​မြစ်​မှ​တစ်​ပါး အ​ခြား​သော​အုတ်​မြစ်​ကို မည်​သူ​မျှ​မ​ချ​နိုင်။

12 တစ်​စုံ​တစ်​ဦး​သည် ထို​အုတ်​မြစ်​ပေါ်​တွင် ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တ​နာ၊ သစ်​သား၊ မြက်​ခြောက်၊ ကောက်​ရိုး​တို့​ဖြင့် တည်​ဆောက်​လျှင်

13 ထို​သူ​ပြု​လုပ်​သော​အ​ရာ​သည် ထင်​ရှား​လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ထို​နေ့​ရက်​သည် ၎င်း​ကို​ထင်​ရှား​စေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​နေ့​ရက်​သည် မီး​အား​ဖြင့်​ပေါ်​ထွန်း​လာ​၍ လူ​တစ်​ဦး​စီ​ပြု​လုပ်​သော​အ​ရာ​သည် မည်​ကဲ့​သို့​ပြု​လုပ်​ထား​သည်​ကို မီး​သည်​စစ်​ဆေး​လိမ့်​မည်။