ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:1-6 MSB

1 သင်​တို့​ထဲ​၌ မိ​မိ​ဖ​ခင်​၏​မ​ယား​နှင့် ပေါင်း​သင်း​နေ​ထိုင်​သည့် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​မျိုး​ရှိ​နေ​ကြောင်း သ​တင်း​ပျံ့​နှံ့​လျက်​ရှိ​၏။ ထို​ကဲ့​သို့​သော တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​မျိုး​သည် လူ​မျိုး​ခြား​များ​ထဲ​၌​ပင်​မ​ရှိ။

2 သင်​တို့​သည် ဝမ်း​နည်း​ကြေ​ကွဲ​လျက် ထို​အ​မှု​ကို​ပြု​သော​သူ​အား သင်​တို့​အ​ထဲ​မှ ဖယ်​ရှား​ရ​မည့်​အ​စား မာ​န​ထောင်​လွှား​လျက်​နေ​ကြ​၏။

3 ငါ​သည် ကိုယ်​ခန္ဓာ​အား​ဖြင့်​သင်​တို့​နှင့်​ကွဲ​ကွာ​နေ​သော်​လည်း စိတ်​ဝိ​ညာဉ်​အား​ဖြင့်​မူ​ကား သင်​တို့​နှင့်​အ​တူ​ရှိ​၍ ထို​နေ​ရာ​၌ အ​တူ​ရှိ​နေ​သ​ကဲ့​သို့ ထို​အ​မှု​ကို​ပြု​သော​သူ​အား စီ​ရင်​ခဲ့​လေ​ပြီ။

4 ငါ​တို့​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​၌ သင်​တို့​စု​ဝေး​ကြ​သော​အ​ခါ ငါ​၏​စိတ်​ဝိ​ညာဉ်​သည်​လည်း ငါ​တို့​သ​ခင်​ယေ​ရှု​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​တို့​နှင့်​အ​တူ​ရှိ​၍

5 ထို​သူ​၏​ဝိ​ညာဉ်​သည် သ​ခင်​ဘု​ရား​၏​နေ့​ရက်​၌ ကယ်​တင်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း သူ​၏​သွေး​သား​ပျက်​စီး​ဖို့​ရန် ထို​သူ​ကို စာ​တန်​လက်​သို့​အပ်​နှံ​လိုက်​ပြီ။

6 သင်​တို့​၏​ဝါ​ကြွား​ခြင်း​သည် ကောင်း​သည်​မ​ဟုတ်။ အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​ညက်​တစ်​ပုံ​လုံး​ကို ဖောင်း​ပွ​စေ​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။