ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6:1-7 MSB

1 သင်​တို့​ထဲ​မှ​တစ်​စုံ​တစ်​ဦး​သည် အ​ခြား​သူ​နှင့် အ​မှု​ဖြစ်​ပွား​သော​အ​ခါ သန့်​ရှင်း​သူ​တို့​ရှေ့​၌ စီ​ရင်​ခြင်း​မ​ခံ​ဘဲ မ​ဖြောင့်​မတ်​သော​သူ​တို့​ရှေ့​၌ စီ​ရင်​ခြင်း​ခံ​ဝံ့​သ​လော။

2 သန့်​ရှင်း​သူ​တို့​သည် ဤ​လော​က​ကို​စီ​ရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ သင်​တို့​သည် ဤ​လော​က​ကို​စီ​ရင်​ရ​သည်​ဆို​လျှင် အ​ငယ်​ဆုံး​သော​အ​မှု​များ​ကို​ပင် စီ​ရင်​နိုင်​စွမ်း​မ​ရှိ​ကြ​သ​လော။

3 ငါ​တို့​သည် ကောင်း​ကင်​တ​မန်​တို့​ကို​စီ​ရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ သို့​ဖြစ်​လျှင် ဤ​ဘ​ဝ​နှင့်​ဆိုင်​သော​အ​မှု​ကိစ္စ​များ​ကို ပို​၍​စီ​ရင်​ထိုက်​သည်​မ​ဟုတ်​လော။

4 သို့​ဖြစ်​လင့်​က​စား သင်​တို့​တွင် ဤ​ဘ​ဝ​နှင့်​ဆိုင်​သော အ​မှု​အ​ခင်း​ဖြစ်​ပွား​သော​အ​ခါ အ​သင်း​တော်​က အ​သိ​အ​မှတ်​မ​ပြု​သော​သူ​တို့​ကို တ​ရား​စီ​ရင်​သူ​အ​ဖြစ်​ခန့်​ထား​ကြ​သ​လော။

5 သင်​တို့​ကို​အ​ရှက်​ရ​စေ​ရန် ဤ​သို့ ငါ​ဆို​၏။ သင်​တို့​အ​ထဲ​တွင် မိ​မိ​၏​ညီ​အစ်​ကို​အ​ချင်း​ချင်း​ကြား စီ​ရင်​ဆုံး​ဖြတ်​ပေး​နိုင်​မည့် ပ​ညာ​ရှိ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ​သ​လော။

6 ယ​ခု​မူ​ကား ညီ​အစ်​ကို​အ​ချင်း​ချင်း​တ​ရား​တွေ့​ကြ​သည်​သာ​မ​က ထို​အ​မှု​ကို မ​ယုံ​ကြည်​သော​သူ​တို့​ရှေ့​တွင်​ပြု​ကြ​၏။

7 အ​မှန်​စင်​စစ် သင်​တို့​အ​ချင်း​ချင်း​တ​ရား​တွေ့​ခြင်း​အ​မှု​သည် သင်​တို့​အ​တွက် လုံး​လုံး​ရှုံး​နိမ့်​ခြင်း​ပင်​ဖြစ်​၏။ ထို​သို့​တ​ရား​တွေ့​မည့်​အ​စား မ​တ​ရား​ပြု​ခြင်း​ကို​သာ အ​ဘယ်​ကြောင့်​မ​ခံ​ကြ​သ​နည်း။ လိမ်​ညာ​လု​ယူ​ခြင်း​ကို​သာ အ​ဘယ်​ကြောင့်​မ​ခံ​ကြ​သ​နည်း။