ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6:11-17 MSB

11 သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် ထို​သို့​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ သို့​သော် သင်​တို့​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​နှင့် ငါ​တို့​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် ဆေး​ကြော​ခြင်း​ခံ​ရ​၍ သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​ကာ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ကြ​၏။

12 ငါ​သည် ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့​သော် အ​မှု​အ​ရာ​အား​လုံး​သည် အ​ကျိုး​ရှိ​သည်​မ​ဟုတ်။ ငါ​သည် ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့​သော် မည်​သည့်​အ​မှု​အ​ရာ​၏​စိုး​မိုး​ခြင်း​ကို​မျှ ငါ​ခံ​မည်​မ​ဟုတ်။

13 အ​စာ​သည် ဝမ်း​အ​တွက်​ဖြစ်​၏။ ဝမ်း​သည်​လည်း အ​စာ​အ​တွက်​ဖြစ်​၏။ သို့​သော် ဘု​ရား​သ​ခင်​သည် ထို​အ​ရာ​နှစ်​မျိုး​စ​လုံး​ကို ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​ခန္ဓာ​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ရန်​အ​တွက်​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​အ​တွက်​ဖြစ်​၏။ သ​ခင်​ဘု​ရား​သည်​လည်း ကိုယ်​ခန္ဓာ​အ​တွက်​ဖြစ်​တော်​မူ​၏။

14 ဘု​ရား​သ​ခင်​သည် သ​ခင်​ဘု​ရား​ကို ထ​မြောက်​စေ​တော်​မူ​သည်​ဖြစ်​၍ ငါ​တို့​ကို​လည်း မိ​မိ​၏​တန်​ခိုး​တော်​အား​ဖြင့် ထ​မြောက်​စေ​တော်​မူ​လိမ့်​မည်။

15 သင်​တို့​၏​ကိုယ်​ခန္ဓာ​သည် ခ​ရစ်​တော်​၏​ကိုယ်အင်္ဂါ​ဖြစ်​ကြောင်း မ​သိ​ကြ​သ​လော။ သို့​ဖြစ်​လျှင် ခ​ရစ်​တော်​၏​ကိုယ်အင်္ဂါ​ကို​ယူ​၍ ပြည့်​တန်​ဆာ​၏​ကိုယ်အင်္ဂါ​ဖြစ်​စေ​ရ​မည်​လော။ လုံး​ဝ​မ​ဖြစ်​စေ​ရ။

16 ပြည့်​တန်​ဆာ​နှင့်​ပေါင်း​ဖော်​သော​သူ​သည် ပြည့်​တန်​ဆာ​နှင့်​တစ်​ခန္ဓာ​တည်း​ဖြစ်​ကြောင်း မ​သိ​ကြ​သ​လော။ အ​ကြောင်း​မူ​ကား “ထို​သူ​နှစ်​ဦး​သည် တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်”​ဟု ကျမ်း​စာ​၌​ဆို​ထား​၏။

17 သို့​သော် သ​ခင်​ဘု​ရား​နှင့်​ပေါင်း​ဖော်​သော​သူ​သည် သ​ခင်​ဘု​ရား​နှင့်​တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း​ဖြစ်​၏။