1 သင်တို့ရေးလာသောအကြောင်းအရာများနှင့်ပတ်သက်၍ ယောက်ျားသည် မိန်းမနှင့်အတွေ့အထိမရှိလျှင် ကောင်း၏။
2 သို့သော် တရားနှင့်မညီမေထုန်ပြုခြင်းအမှုများကြောင့် ယောက်ျားအသီးသီး၌ မိမိမယားရှိစေလော့။ မိန်းမအသီးသီး၌လည်း မိမိလင်ယောက်ျားရှိစေလော့။
3 ယောက်ျားသည် မိမိမယားအပေါ်ပြုအပ်သောဝတ်ကို ပြုရမည်။ မိန်းမသည်လည်း မိမိလင်ယောက်ျားအပေါ် ထိုနည်းတူပြုရမည်။
4 မယားသည် မိမိကိုယ်ခန္ဓာကိုမပိုင်၊ လင်ယောက်ျားကသာပိုင်၏။ ထို့အတူ လင်ယောက်ျားသည်လည်း မိမိကိုယ်ခန္ဓာကိုမပိုင်၊ မယားကသာပိုင်၏။
5 သင်တို့သည် ဆုတောင်းခြင်းအတွက် အပြည့်အဝဆက်ကပ်နိုင်မည့်အကြောင်း ခေတ္တခဏခွဲခွာပြီးနောက် ပြန်၍ပေါင်းသင်းနေထိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့်မဟုတ်လျှင် အချင်းချင်း၏ခံစားခွင့်ကို မပေးဘဲမနေကြနှင့်။ သို့မဟုတ်လျှင် စာတန်သည် သင်တို့၏ မိမိကိုယ်ကိုမချုပ်တည်းနိုင်မှုအပေါ် အခွင့်ကောင်းယူ၍ သင်တို့အား ဖြားယောင်းသွေးဆောင်လိမ့်မည်။
6 ထိုသို့ဆိုသော် အမိန့်ပေးခြင်းအနေဖြင့်မဟုတ်ဘဲ အခွင့်ပေးခြင်းအနေဖြင့် ငါဆို၏။