ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 7:1-7 MSB

1 သင်​တို့​ရေး​လာ​သော​အ​ကြောင်း​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ယောက်ျား​သည် မိန်း​မ​နှင့်​အ​တွေ့​အ​ထိ​မ​ရှိ​လျှင် ကောင်း​၏။

2 သို့​သော် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အ​မှု​များ​ကြောင့် ယောက်ျား​အ​သီး​သီး​၌ မိ​မိ​မ​ယား​ရှိ​စေ​လော့။ မိန်း​မ​အ​သီး​သီး​၌​လည်း မိ​မိ​လင်​ယောက်ျား​ရှိ​စေ​လော့။

3 ယောက်ျား​သည် မိ​မိ​မ​ယား​အ​ပေါ်​ပြု​အပ်​သော​ဝတ်​ကို ပြု​ရ​မည်။ မိန်း​မ​သည်​လည်း မိ​မိ​လင်​ယောက်ျား​အ​ပေါ် ထို​နည်း​တူ​ပြု​ရ​မည်။

4 မ​ယား​သည် မိ​မိ​ကိုယ်​ခန္ဓာ​ကို​မ​ပိုင်၊ လင်​ယောက်ျား​က​သာ​ပိုင်​၏။ ထို့​အ​တူ လင်​ယောက်ျား​သည်​လည်း မိ​မိ​ကိုယ်​ခန္ဓာ​ကို​မ​ပိုင်၊ မ​ယား​က​သာ​ပိုင်​၏။

5 သင်​တို့​သည် ဆု​တောင်း​ခြင်း​အ​တွက် အ​ပြည့်​အ​ဝ​ဆက်​ကပ်​နိုင်​မည့်​အ​ကြောင်း ခေတ္တ​ခ​ဏ​ခွဲ​ခွာ​ပြီး​နောက် ပြန်​၍​ပေါင်း​သင်း​နေ​ထိုင်​ရန် နှစ်​ဦး​သ​ဘော​တူ​ညီ​ချက်​ဖြင့်​မ​ဟုတ်​လျှင် အ​ချင်း​ချင်း​၏​ခံ​စား​ခွင့်​ကို မ​ပေး​ဘဲ​မ​နေ​ကြ​နှင့်။ သို့​မ​ဟုတ်​လျှင် စာ​တန်​သည် သင်​တို့​၏ မိ​မိ​ကိုယ်​ကို​မ​ချုပ်​တည်း​နိုင်​မှု​အ​ပေါ် အ​ခွင့်​ကောင်း​ယူ​၍ သင်​တို့​အား ဖြား​ယောင်း​သွေး​ဆောင်​လိမ့်​မည်။

6 ထို​သို့​ဆို​သော် အ​မိန့်​ပေး​ခြင်း​အ​နေ​ဖြင့်​မ​ဟုတ်​ဘဲ အ​ခွင့်​ပေး​ခြင်း​အ​နေ​ဖြင့် ငါ​ဆို​၏။

7 ငါ့​အ​နေ​ဖြင့် လူ​အ​ပေါင်း​တို့​အား ငါ​ကဲ့​သို့​ဖြစ်​စေ​လို​၏။ သို့​သော် လူ​တစ်​ဦး​စီ​၌ ဘု​ရား​သ​ခင်​ထံ​မှ မိ​မိ​ရ​ရှိ​သော​ဆု​ကျေး​ဇူး တစ်​ယောက်​တစ်​မျိုး​စီ​ရှိ​၏။