ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 7:14-20 MSB

14 အ​ကြောင်း​မူ​ကား ယုံ​ကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​သည် မိ​မိ​မ​ယား​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၏။ ယုံ​ကြည်​သူ​မ​ဟုတ်​သော​မ​ယား​သည်​လည်း မိ​မိ​လင်​ယောက်ျား​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၏။ သို့​မ​ဟုတ်​လျှင် သင်​တို့​၏​သား​သ​မီး​တို့​သည် ညစ်​ညူး​ကြ​လိမ့်​မည်။ သို့​သော် ယ​ခု သူ​တို့​သည် သန့်​ရှင်း​ကြ​၏။

15 သို့​ရာ​တွင် မ​ယုံ​ကြည်​သူ​ဖက်​မှ ကွဲ​ကွာ​လို​လျှင် ကွဲ​ကွာ​ပါ​စေ။ ထို​သို့​သော​အ​ခြေ​အ​နေ​မျိုး​တွင် ယုံ​ကြည်​သူ​ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ အ​နှောင်​အ​ဖွဲ့​ကင်း​၏။ ဘု​ရား​သ​ခင်​သည် သင်​တို့​အား ငြိမ်း​ချမ်း​မှု​ရ​ရှိ​စေ​ရန် ခေါ်​ယူ​တော်​မူ​၏။

16 အ​သင်​မိန်း​မ၊ သင်​သည် မိ​မိ​လင်​ယောက်ျား​ကို ကယ်​တင်​မည်​မ​ကယ်​တင်​မည်​ကို မည်​သို့​သိ​နိုင်​မည်​နည်း။ အ​သင်​ယောက်ျား၊ သင်​သည် မိ​မိ​မ​ယား​ကို ကယ်​တင်​မည်​မ​ကယ်​တင်​မည်​ကို မည်​သို့​သိ​နိုင်​မည်​နည်း။

17 လူ​အ​သီး​သီး​တို့​သည် မိ​မိ​အား သ​ခင်​ဘု​ရား​သတ်​မှတ်​ခွဲ​ဝေ​ပေး​တော်​မူ​သည့်​အ​တိုင်း​နှင့် တစ်​ဦး​စီ​အား ဘု​ရား​သ​ခင်​ခေါ်​ယူ​တော်​မူ​သည့်​အ​ခြေ​အ​နေ​အ​တိုင်း အ​သက်​ရှင်​လျှောက်​လှမ်း​ပါ​စေ။ ဤ​သည်​ကား အ​သင်း​တော်​အား​လုံး​တို့​ကို ငါ​မှာ​ကြား​သော​အ​ချက်​ဖြစ်​၏။

18 ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​အ​ခါ အ​ရေ​ဖျား​လှီး​ခြင်း​ခံ​ပြီး​သား​ဖြစ်​သော​သူ​သည် ထို​အ​ရာ​ကို​မ​ဖျောက်​ဖျက်​စေ​နှင့်။ ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​အ​ခါ အ​ရေ​ဖျား​မ​လှီး​ထား​သော​သူ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​စေ​နှင့်။

19 အ​ရေ​ဖျား​လှီး​ခြင်း​သည် ပ​ဓာ​န​မ​ဟုတ်။ အ​ရေ​ဖျား​မ​လှီး​ခြင်း​သည်​လည်း ပ​ဓာ​န​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို စောင့်​ထိန်း​ခြင်း​သာ ပ​ဓာ​န​ဖြစ်​၏။

20 လူ​အ​သီး​သီး​သည် ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သည့်​အ​ခြေ​အ​နေ​၌ ဆက်​၍​တည်​နေ​ပါ​စေ။