ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 7:30-36 MSB

30 ငို​ကြွေး​သော​သူ​တို့​သည် မ​ငို​ကြွေး​သ​ကဲ့​သို့​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​သူ​တို့​သည် ဝမ်း​မြောက်​ခြင်း​မ​ရှိ​သ​ကဲ့​သို့​လည်း​ကောင်း၊ ဝယ်​ယူ​သော​သူ​တို့​သည် မည်​သည့်​အ​ရာ​ကို​မျှ မ​ပိုင်​ဆိုင်​သ​ကဲ့​သို့​လည်း​ကောင်း နေ​ကြ​ပါ​စေ။

31 လော​က​အ​ရာ​ကို​သုံး​စွဲ​သော​သူ​တို့​သည်​လည်း ၎င်း​ကို​အ​ပြည့်​အ​ဝ​မ​သုံး​စွဲ​သ​ကဲ့​သို့ နေ​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား ဤ​လော​က​၏​ပုံ​စံ​အ​ဖြစ်​သ​နစ်​သည် ရွေ့​လျား​ကွယ်​ပျောက်​သွား​မည်။

32 ငါ​သည် သင်​တို့​ကို စိုး​ရိမ်​ခြင်း​နှင့်​ကင်း​လွတ်​စေ​လို​၏။ အိမ်​ထောင်​မ​ရှိ​သော​ယောက်ျား​သည် သ​ခင်​ဘု​ရား​ကို​နှစ်​သက်​စေ​ရန် သ​ခင်​ဘု​ရား​၏​အ​မှု​ကို​ဂ​ရု​စိုက်​တတ်​၏။

33 အိမ်​ထောင်​ရှိ​သော​ယောက်ျား​မူ​ကား မိ​မိ​မ​ယား​ကို မည်​ကဲ့​သို့​နှစ်​သက်​စေ​ရ​မည်​ဟူ​သော လော​ကီ​အ​မှု​တို့​ကို​ဂ​ရု​စိုက်​သ​ဖြင့်

34 သူ​၏​စိတ်​အာ​ရုံ​သည် ထွေ​ပြား​တတ်​၏။ အိမ်​ထောင်​မ​ရှိ​သော​အ​မျိုး​သ​မီး​နှင့်​အ​ပျို​က​ညာ​တို့​သည် ကိုယ်​ခန္ဓာ​နှင့်​စိတ်​ဝိ​ညာဉ်​နှစ်​ဖြာ​စ​လုံး​သန့်​ရှင်း​စေ​ရန် သ​ခင်​ဘု​ရား​၏​အ​မှု​တို့​ကို​ဂ​ရု​စိုက်​တတ်​၏။ အိမ်​ထောင်​ရှိ​သော​အ​မျိုး​သ​မီး​မူ​ကား မိ​မိ​လင်​ယောက်ျား​ကို မည်​ကဲ့​သို့​နှစ်​သက်​စေ​ရ​မည်​ဟူ​သော လော​ကီ​အ​မှု​တို့​ကို​ဂ​ရု​စိုက်​တတ်​၏။

35 ဤ​သို့ ငါ​ဆို​သည်​မှာ သင်​တို့​၏​အ​ကျိုး​အ​တွက်​ဖြစ်​၍ သင်​တို့​ကို​ချုပ်​ချယ်​ရန်​မ​ဟုတ်။ သင်​တို့​သည် လျောက်​ပတ်​စွာ​ကျင့်​၍ အာ​ရုံ​ထွေ​ပြား​ခြင်း​မ​ရှိ​ဘဲ သ​ခင်​ဘု​ရား​၏​အ​မှု​ကို အ​စဉ်​မ​ပြတ်​ဆောင်​ရွက်​နိုင်​ရန်​အ​တွက်​သာ​ဖြစ်​၏။

36 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​နှင့်​ဆိုင်​သော​အ​ပျို​က​ညာ​ကို အ​ခါ​လင့်​စေ​လျှင် မ​လျောက်​ပတ်​ဟု​ထင်​မှတ်​၍ ထို​သို့​ပြု​စ​ရာ​လည်း​ရှိ​လျှင် သူ​၏​ဆန္ဒ​အ​တိုင်း​ပြု​ပါ​စေ။ သူ​သည် အ​ပြစ်​ပြု​သည်​မ​ဟုတ်။ သူ​တို့​အိမ်​ထောင်​ပြု​ပါ​စေ။