36 တစ်စုံတစ်ယောက်သည် မိမိနှင့်ဆိုင်သောအပျိုကညာကို အခါလင့်စေလျှင် မလျောက်ပတ်ဟုထင်မှတ်၍ ထိုသို့ပြုစရာလည်းရှိလျှင် သူ၏ဆန္ဒအတိုင်းပြုပါစေ။ သူသည် အပြစ်ပြုသည်မဟုတ်။ သူတို့အိမ်ထောင်ပြုပါစေ။
37 သို့သော် သူသည် မိမိစိတ်နှလုံးထဲ၌ အခိုင်အမာစိတ်ပိုင်းဖြတ်ထား၍ မလွှဲမရှောင်သာ၍လုပ်ရခြင်းမျိုးမဟုတ်ဘဲ မိမိအလိုဆန္ဒကိုထိန်းချုပ်နိုင်ပြီး မိမိနှင့်ဆိုင်သောအပျိုကညာကိုထိန်းသိမ်းထားရန် မိမိစိတ်ထဲ၌ ဆုံးဖြတ်ထားပါက သူသည် ကောင်းစွာပြု၏။
38 ထို့ကြောင့် မိမိနှင့်ဆိုင်သောအပျိုကညာကို ပေးစားဆောင်နှင်းသောသူသည် ကောင်းစွာပြု၏။ ပေးစားဆောင်နှင်းခြင်းမပြုသောသူမူကား သာ၍ကောင်းစွာပြု၏။
39 မယားသည် မိမိလင်ယောက်ျားအသက်ရှင်နေသရွေ့ကာလပတ်လုံး အနှောင်အဖွဲ့ရှိ၏။ လင်ယောက်ျားသေဆုံးခဲ့လျှင်မူကား မိမိနှစ်သက်သောသူနှင့် သခင်ဘုရား၌သာ အိမ်ထောင်ပြုခွင့်ရှိ၏။
40 သို့သော် ငါ၏ထင်မြင်ချက်အရ သူသည် အိမ်ထောင်မပြုဘဲနေလျှင် သာ၍မင်္ဂလာရှိ၏။ ငါ၌လည်း ဘုရားသခင်၏ဝိညာဉ်တော်ရှိသည်ဟု ငါမှတ်ယူ၏။