ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 7:5-11 MSB

5 သင်​တို့​သည် ဆု​တောင်း​ခြင်း​အ​တွက် အ​ပြည့်​အ​ဝ​ဆက်​ကပ်​နိုင်​မည့်​အ​ကြောင်း ခေတ္တ​ခ​ဏ​ခွဲ​ခွာ​ပြီး​နောက် ပြန်​၍​ပေါင်း​သင်း​နေ​ထိုင်​ရန် နှစ်​ဦး​သ​ဘော​တူ​ညီ​ချက်​ဖြင့်​မ​ဟုတ်​လျှင် အ​ချင်း​ချင်း​၏​ခံ​စား​ခွင့်​ကို မ​ပေး​ဘဲ​မ​နေ​ကြ​နှင့်။ သို့​မ​ဟုတ်​လျှင် စာ​တန်​သည် သင်​တို့​၏ မိ​မိ​ကိုယ်​ကို​မ​ချုပ်​တည်း​နိုင်​မှု​အ​ပေါ် အ​ခွင့်​ကောင်း​ယူ​၍ သင်​တို့​အား ဖြား​ယောင်း​သွေး​ဆောင်​လိမ့်​မည်။

6 ထို​သို့​ဆို​သော် အ​မိန့်​ပေး​ခြင်း​အ​နေ​ဖြင့်​မ​ဟုတ်​ဘဲ အ​ခွင့်​ပေး​ခြင်း​အ​နေ​ဖြင့် ငါ​ဆို​၏။

7 ငါ့​အ​နေ​ဖြင့် လူ​အ​ပေါင်း​တို့​အား ငါ​ကဲ့​သို့​ဖြစ်​စေ​လို​၏။ သို့​သော် လူ​တစ်​ဦး​စီ​၌ ဘု​ရား​သ​ခင်​ထံ​မှ မိ​မိ​ရ​ရှိ​သော​ဆု​ကျေး​ဇူး တစ်​ယောက်​တစ်​မျိုး​စီ​ရှိ​၏။

8 အိမ်​ထောင်​မ​ရှိ​သော​ယောက်ျား​နှင့်​မု​ဆိုး​မ​တို့​အား ငါ​ဆို​သည်​ကား သူ​တို့​သည် ငါ​ကဲ့​သို့​ဆက်​၍​နေ​နိုင်​လျှင် သူ​တို့​အ​တွက်​ကောင်း​၏။

9 သို့​သော် မိ​မိ​ကိုယ်​ကို​မ​ချုပ်​တည်း​နိုင်​လျှင် အိမ်​ထောင်​ပြု​ကြ​စေ။ အ​ကြောင်း​မူ​ကား ကိ​လေ​သာ​စိတ်​ပူ​လောင်​ခြင်း​ရှိ​သည်​ထက် အိမ်​ထောင်​ပြု​သော် သာ​၍​ကောင်း​၏။

10 အိမ်​ထောင်​ရှိ​သော​သူ​တို့​အား ငါ့​ထံ​မှ​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​ထံ​မှ​ညွှန်​ကြား​ချက်​ကို ငါ​ပေး​သည်​ကား မ​ယား​သည် လင်​ယောက်ျား​နှင့်​မ​ကွဲ​ကွာ​စေ​နှင့်။

11 အ​ကယ်​၍ ကွဲ​ကွာ​ခဲ့​လျှင် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ပါ​စေ။ သို့​မ​ဟုတ် လင်​ယောက်ျား​နှင့် ပြန်​လည်​သင့်​မြတ်​ပါ​စေ။ လင်​ယောက်ျား​သည်​လည်း မိ​မိ​မ​ယား​ကို​မ​စွန့်​ခွာ​စေ​နှင့်။