ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 7:9-15 MSB

9 သို့​သော် မိ​မိ​ကိုယ်​ကို​မ​ချုပ်​တည်း​နိုင်​လျှင် အိမ်​ထောင်​ပြု​ကြ​စေ။ အ​ကြောင်း​မူ​ကား ကိ​လေ​သာ​စိတ်​ပူ​လောင်​ခြင်း​ရှိ​သည်​ထက် အိမ်​ထောင်​ပြု​သော် သာ​၍​ကောင်း​၏။

10 အိမ်​ထောင်​ရှိ​သော​သူ​တို့​အား ငါ့​ထံ​မှ​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​ထံ​မှ​ညွှန်​ကြား​ချက်​ကို ငါ​ပေး​သည်​ကား မ​ယား​သည် လင်​ယောက်ျား​နှင့်​မ​ကွဲ​ကွာ​စေ​နှင့်။

11 အ​ကယ်​၍ ကွဲ​ကွာ​ခဲ့​လျှင် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ပါ​စေ။ သို့​မ​ဟုတ် လင်​ယောက်ျား​နှင့် ပြန်​လည်​သင့်​မြတ်​ပါ​စေ။ လင်​ယောက်ျား​သည်​လည်း မိ​မိ​မ​ယား​ကို​မ​စွန့်​ခွာ​စေ​နှင့်။

12 အ​ခြား​သော​သူ​တို့​အား သ​ခင်​ဘု​ရား​က​မ​ဟုတ်​ဘဲ ငါ​ကိုယ်​တိုင်​ပြော​ဆို​သည်​မှာ ညီ​အစ်​ကို​တစ်​စုံ​တစ်​ဦး​တွင် ယုံ​ကြည်​သူ​မ​ဟုတ်​သော​မ​ယား​ရှိ​၍ ထို​မိန်း​မ​သည် သူ​နှင့်​နေ​ထိုင်​လို​လျှင် သူ့​ကို ထို​မိန်း​မ​နှင့်​မ​ကွာ​စေ​နှင့်။

13 ထို​နည်း​တူ အ​မျိုး​သ​မီး​တစ်​စုံ​တစ်​ဦး​တွင် ယုံ​ကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​ရှိ​၍ ထို​ယောက်ျား​သည် သူ​နှင့်​နေ​ထိုင်​လို​လျှင် သူ့​ကို ထို​ယောက်ျား​နှင့်​မ​ကွာ​စေ​နှင့်။

14 အ​ကြောင်း​မူ​ကား ယုံ​ကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​သည် မိ​မိ​မ​ယား​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၏။ ယုံ​ကြည်​သူ​မ​ဟုတ်​သော​မ​ယား​သည်​လည်း မိ​မိ​လင်​ယောက်ျား​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၏။ သို့​မ​ဟုတ်​လျှင် သင်​တို့​၏​သား​သ​မီး​တို့​သည် ညစ်​ညူး​ကြ​လိမ့်​မည်။ သို့​သော် ယ​ခု သူ​တို့​သည် သန့်​ရှင်း​ကြ​၏။

15 သို့​ရာ​တွင် မ​ယုံ​ကြည်​သူ​ဖက်​မှ ကွဲ​ကွာ​လို​လျှင် ကွဲ​ကွာ​ပါ​စေ။ ထို​သို့​သော​အ​ခြေ​အ​နေ​မျိုး​တွင် ယုံ​ကြည်​သူ​ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ အ​နှောင်​အ​ဖွဲ့​ကင်း​၏။ ဘု​ရား​သ​ခင်​သည် သင်​တို့​အား ငြိမ်း​ချမ်း​မှု​ရ​ရှိ​စေ​ရန် ခေါ်​ယူ​တော်​မူ​၏။