ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 8:6-12 MSB

6 ငါ​တို့​အ​တွက်​မူ​ကား ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ​ရှိ​၍ အ​ရာ​ခပ်​သိမ်း​တို့​သည် ကိုယ်​တော်​ထံ​မှ​ဖြစ်​လာ​ပြီး ငါ​တို့​သည် ကိုယ်​တော်​၌​တည်​ကြ​၏။ ထို့​ပြင် ငါ​တို့​အ​တွက် ယေ​ရှု​ခ​ရစ်​တော်​တည်း​ဟူ​သော သ​ခင်​တစ်​ပါး​တည်း​သာ​ရှိ​၍ အ​ရာ​ခပ်​သိမ်း​တို့​သည် ထို​သ​ခင်​အား​ဖြင့်​ဖြစ်​လာ​ပြီး ငါ​တို့​သည် ထို​သ​ခင်​၌​တည်​ကြ​၏။

7 သို့​သော် လူ​တိုင်း​၌ ဤ​အ​သိ​ပ​ညာ​ရှိ​သည်​မ​ဟုတ်။ လူ​အ​ချို့​တို့​သည် ရုပ်​တု​ကိုး​ကွယ်​သည့်​အ​လေ့​အ​ထ​ရှိ​ခဲ့​သည်​ဖြစ်​၍ ထို​အ​သား​ကို​စား​သော​အ​ခါ ယ​ခု​အ​ထိ​ပင် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​များ​အ​ဖြစ်​စား​ကြ​သ​ဖြင့် သူ​တို့​၏​အား​နည်း​သည့်​အ​သိ​စိတ်​သည် မ​သိုး​မ​သန့်​ဖြစ်​ရ​၏။

8 အ​စား​အ​စာ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ငါ​တို့​ကို မျက်​နှာ​ရ​စေ​လိမ့်​မည်​မ​ဟုတ်။ မ​စား​ဘဲ​နေ​လျှင်​လည်း အ​ရှုံး​မ​ရှိ။ စား​လျှင်​လည်း အ​မြတ်​မ​ရ။

9 သို့​သော် သင်​တို့​၏​လွတ်​လပ်​ခွင့်​သည် အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် အား​နည်း​သော​သူ​တို့​အ​တွက် ခ​လုတ်​တံ​သင်း​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။

10 အ​ကြောင်း​မူ​ကား အ​သိ​ပ​ညာ​ရှိ​သော​သင်​သည် ရုပ်​တု​ဗိ​မာန်​ထဲ​၌ ထိုင်​၍​စား​သောက်​နေ​သည်​ကို တစ်​စုံ​တစ်​ဦး​က​တွေ့​မြင်​လျှင် ထို​သူ​၏​အား​နည်း​သည့်​အ​သိ​စိတ်​သည် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​ကို​စား​ရန် ရဲ​တင်း​လာ​မည်​မ​ဟုတ်​လော။

11 ထို​အ​ခါ ခ​ရစ်​တော်​က ကိုယ်​စား​အ​သေ​ခံ​ပေး​သော ညီ​အစ်​ကို​ဖြစ်​သည့် ထို​အား​နည်း​သော​သူ​သည် သင်​၏​အ​သိ​ပ​ညာ​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​ရ​၏။

12 ဤ​သို့​ဖြင့် သင်​တို့​သည် ညီ​အစ်​ကို​တို့​ကို​ပြစ်​မှား​၍ သူ​တို့​၏​အား​နည်း​သည့်​အ​သိ​စိတ်​ကို ထိ​ခိုက်​စေ​လျှင် ခ​ရစ်​တော်​ကို​ပြစ်​မှား​ရာ​ရောက်​၏။