9 သို့သော် သင်တို့၏လွတ်လပ်ခွင့်သည် အကြောင်းတစ်စုံတစ်ခုကြောင့် အားနည်းသောသူတို့အတွက် ခလုတ်တံသင်းမဖြစ်စေရန် သတိပြုကြလော့။
10 အကြောင်းမူကား အသိပညာရှိသောသင်သည် ရုပ်တုဗိမာန်ထဲ၌ ထိုင်၍စားသောက်နေသည်ကို တစ်စုံတစ်ဦးကတွေ့မြင်လျှင် ထိုသူ၏အားနည်းသည့်အသိစိတ်သည် ရုပ်တုအားပူဇော်ထားသောအရာကိုစားရန် ရဲတင်းလာမည်မဟုတ်လော။
11 ထိုအခါ ခရစ်တော်က ကိုယ်စားအသေခံပေးသော ညီအစ်ကိုဖြစ်သည့် ထိုအားနည်းသောသူသည် သင်၏အသိပညာကြောင့် ပျက်စီးခြင်းသို့ရောက်ရ၏။
12 ဤသို့ဖြင့် သင်တို့သည် ညီအစ်ကိုတို့ကိုပြစ်မှား၍ သူတို့၏အားနည်းသည့်အသိစိတ်ကို ထိခိုက်စေလျှင် ခရစ်တော်ကိုပြစ်မှားရာရောက်၏။
13 ထို့ကြောင့် အစားအစာသည် ငါ၏ညီအစ်ကိုကို မှားယွင်းစေလျှင် ငါ့ညီအစ်ကိုအား မမှားယွင်းစေရန် ငါသည် အသားကို ကာလအစဉ်အဆက် မည်သည့်အခါမျှ စားမည်မဟုတ်။