ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 9:1-4 MSB

1 ငါ​သည် လွတ်​လပ်​သူ​ဖြစ်​သည်​မ​ဟုတ်​လော။ တ​မန်​တော်​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​၏​သ​ခင်​ယေ​ရှု​ကို ဖူး​မြင်​ခဲ့​သည်​မ​ဟုတ်​လော။ သင်​တို့​သည် သ​ခင်​ဘု​ရား​၌ ငါ​၏​လုပ်​ဆောင်​မှု​ရ​လဒ်​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

2 အ​ခြား​သော​သူ​တို့​အ​တွက် ငါ​သည် တ​မန်​တော်​မ​ဖြစ်​ခဲ့​လျှင်​ပင် သင်​တို့​အ​တွက်​မူ​ကား ငါ​သည် တ​မန်​တော်​ဖြစ်​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် သ​ခင်​ဘု​ရား​၌ ငါ​၏​တ​မန်​တော်​ဖြစ်​ခြင်း​၏​တံ​ဆိပ်​ဖြစ်​ကြ​၏။

3 ငါ့​ကို​စစ်​ဆေး​စီ​ရင်​သော​သူ​တို့​အား ဤ​သို့ ငါ​ဖြေ​ရှင်း​ပြော​ဆို​၏။

4 ငါ​တို့​တွင် စား​သောက်​ရ​သော​အ​ခွင့်​မ​ရှိ​သ​လော။