1 ငါသည် လွတ်လပ်သူဖြစ်သည်မဟုတ်လော။ တမန်တော်ဖြစ်သည်မဟုတ်လော။ ငါတို့၏သခင်ယေရှုကို ဖူးမြင်ခဲ့သည်မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါ၏လုပ်ဆောင်မှုရလဒ်ဖြစ်ကြသည်မဟုတ်လော။
2 အခြားသောသူတို့အတွက် ငါသည် တမန်တော်မဖြစ်ခဲ့လျှင်ပင် သင်တို့အတွက်မူကား ငါသည် တမန်တော်ဖြစ်၏။ အကြောင်းမူကား သင်တို့သည် သခင်ဘုရား၌ ငါ၏တမန်တော်ဖြစ်ခြင်း၏တံဆိပ်ဖြစ်ကြ၏။
3 ငါ့ကိုစစ်ဆေးစီရင်သောသူတို့အား ဤသို့ ငါဖြေရှင်းပြောဆို၏။
4 ငါတို့တွင် စားသောက်ရသောအခွင့်မရှိသလော။
5 ငါတို့သည် ကေဖနှင့် သခင်ဘုရား၏ညီတော်များမှစ၍ အခြားသောတမန်တော်များကဲ့သို့ ယုံကြည်သူဖြစ်သောဇနီးသည်ကို ခရီးသွားရာ၌ ခေါ်ဆောင်ခွင့်မရှိကြသလော။
6 သို့မဟုတ် ငါနှင့်ဗာနဗ၌သာ အလုပ်မလုပ်ဘဲနေရသောအခွင့်မရှိသလော။
7 မည်သူသည် မိမိစရိတ်ဖြင့် စစ်မှုထမ်းဖူးသနည်း။ မည်သူသည် စပျစ်ခြံကိုစိုက်ပျိုးပြီး ၎င်း၏အသီးကို မစားဘဲနေသနည်း။ သို့မဟုတ် မည်သူသည် သိုးအုပ်ကိုထိန်းကျောင်းပြီး သိုးတို့၏နို့ကို မသောက်ဘဲနေသနည်း။