4 ငါတို့တွင် စားသောက်ရသောအခွင့်မရှိသလော။
5 ငါတို့သည် ကေဖနှင့် သခင်ဘုရား၏ညီတော်များမှစ၍ အခြားသောတမန်တော်များကဲ့သို့ ယုံကြည်သူဖြစ်သောဇနီးသည်ကို ခရီးသွားရာ၌ ခေါ်ဆောင်ခွင့်မရှိကြသလော။
6 သို့မဟုတ် ငါနှင့်ဗာနဗ၌သာ အလုပ်မလုပ်ဘဲနေရသောအခွင့်မရှိသလော။
7 မည်သူသည် မိမိစရိတ်ဖြင့် စစ်မှုထမ်းဖူးသနည်း။ မည်သူသည် စပျစ်ခြံကိုစိုက်ပျိုးပြီး ၎င်း၏အသီးကို မစားဘဲနေသနည်း။ သို့မဟုတ် မည်သူသည် သိုးအုပ်ကိုထိန်းကျောင်းပြီး သိုးတို့၏နို့ကို မသောက်ဘဲနေသနည်း။
8 ငါသည် ဤအရာများကို လူ့သဘောအားဖြင့် ပြောဆိုနေသလော။ ပညတ်တရားသည်လည်း ထိုသို့ဆိုထားသည်မဟုတ်လော။
9 အကြောင်းမူကား မောရှေ၏ပညတ်တရားကျမ်း၌ “စပါးနယ်နေသည့်နွားကို ပါးချုပ်မတပ်ရ”ဟု ရေးထား၏။ ဘုရားသခင်သည် နွားတို့ကို ဂရုစိုက်တော်မူသလော။
10 သို့မဟုတ် ငါတို့အတွက်သာမိန့်တော်မူသလော။ အမှန်ပင် ငါတို့အတွက်ရေးထားခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လယ်ထွန်သောသူသည် မျှော်လင့်လျက်ထွန်ယက်သင့်သည်ဖြစ်၍ စပါးနယ်သောသူသည်လည်း မျှဝေခံစားခွင့်ကိုမျှော်လင့်လျက် စပါးနယ်သင့်၏။