ဟေ​ရှာ​ယ 13:9-15 BCL

9 သ​နား​ညှာ​တာ​မှု​ကင်း​မဲ့​သည့်​ဒေါ​သ​အ​မျက် တော်​ဒဏ်​ကို​ခံ​ရ​ကြ​မည့်​နေ​ရက်​ကာ​လ​တည်း ဟူ​သော ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ကမ္ဘာ မြေ​ကြီး​သည်​လူ​သူ​ဆိတ်​ညံ​ရာ​ဖြစ်​လျက် နေ​လိမ့်​မည်။ အ​ပြစ်​ကူး​လွန်​သူ​မှန်​သ​မျှ သည်​လည်း​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ ရကြ​လိမ့်​မည်။-

10 ကြယ်​နက္ခတ်​အ​ပေါင်း​တို့​သည်​မ​တောက်​ဘဲ နေ​လိမ့်​မည်။ နေ​ထွက်​လာ​သော​အ​ခါ​မှောင် လျက်​နေ​လိမ့်​မည်။ လ​သည်​လည်း​အ​လင်း ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။

11 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဘေး​အန္တ​ရာယ် ဆိုး​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​သက်​ရောက်​စေ​၍ သူ ယုတ်​မာ​တို့​အား​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်။ ငါ​သည်​မာန် မာ​န​ကြီး​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​၍ စိတ် ကြီး​ဝင်​ကာ​ရက်​စက်​ကြမ်း​ကြုတ်​သူ အ​ပေါင်း​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-

12 အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​တို့​သည် ရွှေ ထက်​လည်း​ကောင်း​ရှား​လိမ့်​မည်။-

13 အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ကို​ပြ​တော်​မူ​သော​အ​ခါ မိုး ကောင်း​ကင်​သည်​တုန်​လှုပ်​၍​ကမ္ဘာ​မြေ​ကြီး သည်​လည်း​တည်​နေ​ရာ​မှ​ရွေ့​လျား​သွား လိမ့်​မည်။

14 မု​ဆိုး​တို့​၏​ဘေး​မှ​က​စင့်​က​လျား​ထွက်​ပြေး ကြ​သည့်​ဒ​ရယ်​များ​ကဲ့​သို့၊ ထိန်း​ကျောင်း​သူ​မ​ရှိ သည့်​သိုး​များ​ကဲ့​သို့ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင် သူ​လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​၏​နေ​ရင်း ပြည်​သို့​ပြန်​ပြေး​ကြ​လိမ့်​မည်။-

15 သူ​တို့​အ​ထဲ​မှ​အ​ဖမ်း​ခံ​ရ​သူ​တို့​သည် ဋ္ဌား​ဖြင့်​ထိုး​သတ်​ခြင်း​ကို​ခံ​ကြ​လိမ့်​မည်။-