ဟေ​ရှာ​ယ 12 BCL

ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ဋ္ဌမ္မ​သီ​ချင်း

1 ``အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​အား၊ ကျွန်​တော်​မျိုး​ထော​မ​နာ​ပြု​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ယ​ခင်​က​ကျွန်​တော်​မျိုး​အား အ​မျက်​ထွက်​တော်​မူ​ခဲ့​သော်​လည်း၊ယ​ခု​အ​ခါ​အ​မျက်​ထွက်​တော်​မ​မူ​တော့​ဘဲ နှစ်​သိမ့်​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ'' ဟုလူ​တို့​သီ​ဆို​ကူး​ဧ​ကြ​မည့်​အ​ချိန်​ကာ​လ ရောက်​လာ​လိမ့်​မည်။

2 ``ဘု​ရား​သ​ခင်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ် တော်​မူ​၏။ငါ​သည်​ကိုယ်​တော်​အား​ကြောက်​လန့်​၍​မ​နေ​ဘဲ ယုံ​ကြည်​ကိုး​စား​မည်။ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​နှင့် ခွန်​အား​ကိုပေး​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​၏။ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​တည်း။

3 ရေ​ကောင်း​ရေ​သန့်​သည်​ရေ​ငတ်​သူ​တို့​အား ရွှင်​ပြ​စေ​သ​ကဲ့​သို့ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည်၊ကိုယ်​တော်​ကယ်​တင်​တော်​မူ​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​လိမ့်​မည်။

4 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကူ​မ​တော်​မူ​ရန်​တောင်း​လျှောက်​ကြ​လော့။ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို သူ​တို့​အား​ပြော​ကြား​ကြ​လော့'' ဟုလူ​တို့​သီ​ဆို​ကူး​ဧ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။

5 ``ကိုယ်​တော်​ပြု​တော်​မူ​သော​ကြီး​မြတ်​သည့် အ​မှု​တော်​တို့​အ​တွက်ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး သီ​ဆို​ကြ​လော့။ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​အား ထို​သ​တင်း​ကို​ကြေ​ညာ​ကြ​လော့။

6 ဇိ​အုန်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​အား ကြွေး​ကြော်​သီ​ဆို​စေ​ကြ​လော့။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​သည်​ကြီး​မြတ်​တော်​မူ​၍၊မိ​မိ​လူ​မျိုး​တော်​အ​လယ်​၌​ကျိန်း​ဝပ်​တော် မူ​၏။''

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66