ဟေ​ရှာ​ယ 43 BCL

မိ​မိ​၏​လူ​မျိုး​တော်​အား​ဘု​ရား​သ​ခင် ကယ်​တင်​တော်​မူ​ခြင်း

1 အို ဣ​သ​ရေ​အ​မျိုး​သား​တို့၊သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​က``မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကို​ငါ​ကွယ်​ကာ စောင့်​ရှောက်​မည်။သင်​တို့​အား​နာ​မည်​တပ်​၍​ငါ​ခေါ်​ယူ​ပြီ။ သင်​တို့​ကို​ငါ​ပိုင်​၏။

2 သင်​တို့​သည်​ရေ​နက်​ထဲ​သို့​လျှောက်​သွား​ရ​သော​အ​ခါ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​မည်။ဆင်း​ရဲ​ဒုက္ခ​များ​သည်​သင်​တို့​ကို​လွှမ်း​မိုး ရ​လိမ့်​မည်​မ​ဟုတ်။သင်​တို့​သည်​မီး​ထဲ​သို့​လျှောက်​သွား​ရ​သော အ​ခါ မီး​အ​လောင်​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ပြင်း​ထန်​သော​စုံ​စမ်း​ခြင်း​များ​သည်​သင်​တို့​ကို ထိ​ခိုက်​နစ်​နာ​စေ​လိမ့်​မည်​မ​ဟုတ်။

3 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့် မြတ်​သော ဘု​ရား​သ​ခင်၊သင်​တို့​ကို​ကယ်​တင်​သော​အ​ရှင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သော​ကြောင့်​တည်း။ငါ​သည်​သင်​တို့​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက်​ခွင့် ရ​ရှိ​ကြ​စေ​ရန်အီ​ဂျစ်​ပြည်​ကို​စွန့်​လွှတ်​မည်။ ဆူ​ဒန်​ပြည်​နှင့် သေ​ဘ​ပြည်​ကို​ငါ​စွန့်​လွှတ်​မည်။

4 သင်​တို့​သည်​ငါ့​အ​ဖို့​အ​လွန်​အ​ဖိုး​တန်​သူ​များ ဖြစ်​ပြီးငါ​ချစ်​မြတ်​နိုး​၍​ဂုဏ်​ပြု​ချီး​မြှင့်​သူ​များ​ဖြစ် သ​ဖြင့်ငါ​သည်​သင်​တို့​၏​အ​သက်​ကို​ကယ်​ရန် လူ​မျိုး​စု​တို့​ကို​စွန့်​လွှတ်​မည်။

5 မ​ကြောက်​ကြ​နှင့်​ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။``ဝေး​လံ​သော​အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်၊အ​စွန်​ဆုံး​ဒေ​သ​မှ​သင်​တို့​အ​မျိုး​သား​များ ကို မိ​မိ​တို့​ပြည်​သို့​ငါ​ခေါ်​ဆောင်​ခဲ့​မည်။

6 သူ​တို့​အား​ထွက်​ခွာ​ခွင့်​ပြု​ရန် မြောက်​အ​ရပ်​ကို​လည်း​ကောင်း၊သူ​တို့​အား​ဆီး​တား​၍​မ​ထား​ရန် တောင်​အ​ရပ်​ကို​လည်း​ကောင်း​ငါ​ပြော​မည်။ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​ရပ်​ဝေး​နိုင်​ငံ​များ​မှ​ငါ​၏ လူ​မျိုး​တော်​များ​ပြန်​လာ​ကြ​ပါ​စေ၊

7 သူ​တို့​သည်​ငါ​ပိုင်​သည့်​လူ​မျိုး​တော် ငါ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​ရန်ငါ​ဖန်​ဆင်း​ထား​သူ​များ​ဖြစ်​ပေ​သည်'' ဟု မိန့်​တော်​မူ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​သိ​သက်​သေ​များ​ဖြစ်​ကြောင်း

8 ဘု​ရား​သ​ခင်​က``ငါ​၏​လူ​မျိုး​တော်​ကို​တ​ရား​ရုံး​တော်​သို့ ဆင့်​ခေါ်​ကြ​လော့။သူ​တို့​သည်​မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​ကြ။ နား​ရှိ​လျက်​နှင့်​မ​ကြား​ကြ​ပါ​တ​ကား။

9 လူ​မျိုး​တ​ကာ​တို့​အား​တ​ရား​စီ​ရင်​ရာ​သို့ ဆင့်​ခေါ်​ကြ​လော့။သူ​တို့​၏​အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည် အ​နာ​ဂတ်​ဟော​စ​တမ်း​ကို​ထုတ်​နိုင်​ပါ​သ​နည်း။အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည်​ယ​ခု​ဖြစ် ပျက်​ဆဲ အ​မှု​အ​ရာ​များ​ကို​ကြို​တင်​ဟော​ကြား​ခဲ့​ပါ သ​နည်း။ထို​ဘု​ရား​တို့​သည်​မိ​မိ​တို့​မှန်​ကန်​၍​နေ ကြောင်း အ​ထောက်​အ​ထား​ပြ​နိုင်​ရန်​နှင့်မိ​မိ​တို့​ပြော​ဆို​ခဲ့​သည့်​အ​တိုင်း​ဟုတ်​မှန်​၍ နေ​ပုံ​ကို အ​ကိုး​အ​ကား​ပြ​နိုင်​ရန်၊အ​သိ​သက်​သေ​များ​ကို​ခေါ်​ဆောင်​ခဲ့​ကြ​ပါ​စေ။

10 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ​၏​အ​သိ​သက်​သေ​များ​တည်း။သင်​တို့​ငါ့​အား​သိ​ကျွမ်း​ယုံ​ကြည် ကြ​စေ​ရန်​လည်း​ကောင်း၊ငါ​သည်​တစ်​ဆူ​တည်း​သော​ဘု​ရား​ဖြစ်​ကြောင်း သိ​ရှိ​နား​လည်​ကြ​စေ​ရန်​လည်း​ကောင်း၊ငါ​သည်​သင်​တို့​အား​ငါ​၏​အ​စေ​ခံ​လူ​မျိုး အ​ဖြစ် ရွေး​ချယ်​ခဲ့​ပေ​သည်။ငါ​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ။အ​ဘယ်​အ​ခါ​က​မျှ​မ​ရှိ​ခဲ့။ နောင်​ကို​လည်း ရှိ​လိမ့်​မည်​မ​ဟုတ်။

11 ``ငါ​တစ်​ပါး​တည်း​သာ​လျှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ငါ​တစ်​ပါး​တည်း​သာ​လျှင်​သင်​တို့​အား ကယ်​တင်​တော်​မူ​နိုင်​၏။

12 ငါ​သည်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​ကြို​တင် ဖော်​ပြ​၍၊သင်​တို့​အား​ကူ​မ​ရန်​ကြွ​လာ​ခဲ့​ပေ သည်။အ​ဘယ်​မည်​သော​လူ​မျိုး​ခြား​တို့​၏​ဘု​ရား​မျှ ဤ​သို့​ပြု​ခဲ့​ဖူး​သည်​မ​ရှိ။သင်​တို့​သည်​ငါ​၏​အ​သိ​သက်​သေ​များ ဖြစ်​ကြ​၏။

13 ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​၏။နောင်​ကို​လည်း​အ​စဉ်​အ​မြဲ​ဤ​သို့​ဖြစ်​၍​နေ မည်​သာ၊ငါ​၏​တန်​ခိုး​တော်​ကို​အ​ဘယ်​သူ​မျှ​လု​ယူ နိုင်​လိမ့်​မည်​မ​ဟုတ်၊ငါ​ပြု​သော​အ​မှု​ကို​အ​ဘယ်​သူ​မျှ​မ​ပြင် နိုင်​ရာ'' ဟု​မိန့်​တော်​မူ​၏။

ဗာ​ဗု​လုန်​ပြည်​မှ​လွတ်​မြောက်​လာ​ကြ​ခြင်း

14 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သန့်​ရှင်း​မြင့် မြတ်​သည့် ဘု​ရား​သ​ခင်၊သင်​တို့​ကို​ကယ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား​ကယ်​ရန်​စစ်​သည်​ဗိုလ်​ခြေ တို့​ကို ဗာ​ဗု​လုန်​ပြည်​သို့​စေ​လွှတ်​မည်။မြို့​တံ​ခါး​များ​ကို​ငါ​ဖျက်​ချ​မည်။မြို့​သူ​မြို့​သား​တို့​၏​ကြွေး​ကြော်​သံ​သည်ငို​ကြွေး​သံ​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လိမ့်​မည်။

15 ငါ​သည်​သင်​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သင်​တို့​အား ငါ​ဖန်​ဆင်း​ခဲ့​၏။ငါ​သည်​သင်​တို့​၏​ဘု​ရင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

16 ရှေး​အ​ခါ​က၊ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ် ဝဲ​သြ​ဃ​ကို ဖြတ်​၍​လမ်း​ဖောက်​တော်​မူ​ခဲ့​၏။

17 ကိုယ်​တော်​သည်​ရ​ထား​တပ်၊ မြင်း​တပ်​များ​နှင့်အင်​အား​ကြီး​မား​သော​စစ်​သည်​ဗိုလ်​ချေ​တို့​ကို ဆုံး​ပါး​ပျက်​စီး​စေ​တော်​မူ​၏။သူ​တို့​သည်​ငြိမ်း​သတ်​လိုက်​သည့်ဖ​ယောင်း​တိုင်​မီး​သ​ဖွယ်​န​လံ​မ​ထူ​နိုင်​အောင် ပြို​လဲ​၍​သွား​ကြ​ကုန်​၏။

18 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​ကို​စွဲ​လန်း​၍ မ​နေ​ကြ​နှင့်။ရှေး​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ဆို​၍​မ​နေ​ကြ​နှင့်။

19 ငါ​ပြု​မည့်​အ​မှု​အ​ရာ​သစ်​ကို​စောင့်​မျှော် ကြည့်​ရှု​ကြ​လော့။ထို​အ​မှု​အ​ရာ​သည်​ဖြစ်​ပျက်​ဆဲ​ပင်​ရှိ​သဖြင့် ယင်း​ကို ယ​ခု​သင်​တို့​တွေ့​မြင်​နိုင်​ကြ​ပါ​သည်​တ​ကား။ငါ​သည်​တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပေါက်​စေ ပြီး​လျှင်၊သင်​တို့​အား​စမ်း​ရေ​ကို​ပေး​တော်​မူ​မည်။

20 တော​တိ​ရစ္ဆာန်​များ​ပင်​လျှင်​ငါ​၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​ကူး​ကြ​လိမ့်​မည်။ငါ​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​လူ​တို့ရေ​ရ​ရှိ​ရေး​အ​တွက်၊သဲ​ကန္တာ​ရ​တွင်​မြစ်​ရေ များ​ကို စီး​ဆင်း​စေ​သော​အ​ခါ၊ခွေး​အ​များ​နှင့်​ငှက်​ကု​လား​အုတ်​များ​သည် ငါ့​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

21 ထို​လူ​မျိုး​တော်​ကား​မိ​မိ​အ​ဖို့​ငါ ဖန်​ဆင်း​ခဲ့​သူ​များ​ဖြစ်​၏။သူ​တို့​သည်​လည်း​ငါ့​ကို​ထော​မ​နာ​ပြု​ကြ လိမ့်​မည်။

ဣ​သ​ရေ​လ​၏​အ​ပြစ်​ဒု​စ​ရိုက်​များ

22 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ကို​ခံ​ရ​သူ​မှာ ငါ​မ​ဟုတ်။အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ့​ကို ဝတ်​ပြု​ကိုး​ကွယ်​ရန်​ငြီး​ငွေ့​လျက်​ရှိ​ကြ​၏။

23 သင်​တို့​သည်​မိ​မိ​တို့​မီး​ရှို့​ပူ​ဇော်​ရာ​သိုး​များ​ကို ငါ့​ထံ​သို့​မ​ယူ​ဆောင်​ခဲ့​ကြ။သင်​တို့​၏​ယဇ်​များ​ဖြင့်​ဂုဏ်​ပြု​ချီး​မြှောက်​ခြင်း ခံ​ရ​သူ​မှာ​လည်း​ငါ​မ​ဟုတ်။ငါ​သည်​ပူ​ဇော်​သကာ​များ​ကို​တောင်း​ဆို​ခြင်း အား​ဖြင့် သင်​တို့​အား​ဝန်​မ​လေး​စေ​ပါ။မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​ကိုတောင်း​ဆို​ခြင်း​အား​ဖြင့်​လည်း​သင်​တို့​စိတ်​ကို မ​ငြီး​ငွေ့​စေ​ပါ။

24 သင်​တို့​သည်​ငါ့​အား​ပူ​ဇော်​ရန်​နံ့​သာ​ပေါင်း​ကို မ​ဝယ်​ကြ။ယဇ်​ကောင်​ဆီ​ဥ​နှင့်​လည်း​ငါ့​အား​မ​ရောင့်​ရဲ​စေ​ကြ။ယင်း​သို့​ပြု​မည့်​အ​စား​သင်​တို့​သည်​မိ​မိ​တို့ အ​ပြစ်​များ​ဖြင့်​ငါ့​ကို​ဝန်​လေး​စေ​ကြ​၏။မိ​မိ​တို့​ပြု​သည့်​အ​မှား​များ​ဖြင့်​ငါ့​ကို ငြီး​ငွေ့​စေ​ကြ​လေ​ပြီ။

25 သို့​သော်​လည်း​ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို ထောက်​၍၊သင်​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သော အ​ရှင် ဘု​ရား​သ​ခင်​ဖြစ်​ပေ​သည်။

26 ``တ​ရား​ရုံး​တော်​သို့​ငါ​တို့​သွား​ကြ​ကုန်​အံ့။ သင်​တို့​၏​စွပ်​စွဲ​ချက်​ကို​ယူ​ဆောင်​ခဲ့​ကြ​လော့။သင်​တို့​ဘက်​မှ​မှန်​ကန်​ကြောင်း​သက်​သေ​ခံ အ​ထောက်​အ​ထား​ပြ​နိုင်​ရန်၊သင်​တို့​၏​အမှု​ကို​တင်​ပြ​ကြ​လော့။

27 သင်​တို့​ပ​ထ​မ​အ​ဦး​ဆုံး​ဘိုး​ဘေး​ဖြစ် သူ​သည် အ​ပြစ်​ကူး​လွန်​ခဲ့​၏။သင်​တို့​၏​ခေါင်း​ဆောင်​များ​က​ငါ့​ကို​ပြစ်​မှား ကြ​၏။

28 သင်​တို့​ဘု​ရင်​များ​သည်​ငါ​၏​ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​ကြ​၏။ထို့​ကြောင့်​ငါ​သည်​ဣ​သ​ရေ​လ​ပြည်​ကို ပျက်​ပြုန်း​စေ​၍၊ငါ​၏​လူ​မျိုး​တော်​အား​အ​သ​ရေ ပျက်​စေ​လေ​သည်။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66