ဟေ​ရှာ​ယ 22:1-5 BCL

1 ဤ​ဗျာ​ဒိတ်​တော်​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့် ဝှမ်း​နှင့် သက်​ဆိုင်​သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည်​အ​ဘယ်​ကြောင့် မိ​မိ​တို့​အိမ်​ခေါင်​မိုး​များ​အ​ပေါ်​တွင်​ပွဲ​လမ်း သ​ဘင်​ဆင်​ယင်​ကျင်း​ပ​နေ​ကြ​ပါ​သ​နည်း။ အ​ဘယ်​အ​မှု​အ​ရာ​ဖြစ်​ပျက်​လျက်​ရှိ​ပါ သ​နည်း။-

2 တစ်​မြို့​လုံး​ပင်​အုတ်​အုတ်​ကျက်​ကျက်​ဖြစ် လျက် လူ​တို့​စိတ်​လှုပ်​ရှား​အော်​ဟစ်​သံ​များ နှင့်​ပြည့်​နှက်​၍​နေ​၏။သင်​၏​လူ​တို့​သည်​ဤ​စစ်​ပွဲ​တွင်​တိုက်​ခိုက် ရင်း​ကျ​ဆုံး​ရ​ကြ​သည်​မ​ဟုတ်။-

3 မြား​တစ်​စင်း​ကို​မျှ​မ​ပစ်​မ​လွှတ်​ရ​မီ သင် ၏​ခေါင်း​ဆောင်​အ​ပေါင်း​သည်​ထွက်​ပြေး​သ​ဖြင့် သုံ့​ပန်း​အ​ဖြစ်​အ​ဖမ်း​ခံ​ရ​ကြ​၏။-

4 ယ​ခု​ငါ့​အား​တစ်​ကိုယ်​တည်း​ပြင်း​ပြ​စွာ ငို​ကြွေး​ခွင့်​ပြု​ပါ​လော့။ ငါ​၏​လူ​အ​မြောက် အ​မြား​သေ​ကြေ​ပျက်​စီး​ကြ​ပြီ​ဖြစ်​၍ ငါ့​အား​နှစ်​သိမ့်​ရန်​မ​ကြိုး​စား​ပါ​နှင့်။-

5 ဤ​အ​ချိန်​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​ဝှမ်း တွင်​ကြောက်​လန့်​မှု၊ အ​ရေး​ရှုံး​နိမ့်​မှု​နှင့်​က​စင့် က​လျား​ဖြစ်​ပွား​မှု​များ​ပေါ်​ပေါက်​ရာ​ကာ​လ ပင်​ဖြစ်​၏။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က​လည်း ငါ​တို့​အား​ထို​ကာ​လ​နှင့်​ကြုံ​တွေ့ စေ​တော်​မူ​လေ​ပြီ။ ငါ​တို့​၏​မြို့​ရိုး​များ​သည် အ​ဖြို​ခံ​ရကြ​လေ​ပြီ။ ကယ်​မ​ရန်​လူ​တို့ အော်​ဟစ်​ကြ​သည့်​အ​သံ​များ​သည်​လည်း တောင်​ကုန်း​များ​တွင်​ပဲ့​တင်​ထပ်​လျက်​နေ လေ​ပြီ။