ဟေ​ရှာ​ယ 22:17-23 BCL

17 သင်​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​တစ်​ဦး ဖြစ်​ကောင်း​ဖြစ်​ပေ​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ဆွဲ​ကိုင်​၍​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။-

18 ကိုယ်​တော်​သည်​သင့်​အား​လောက်​စာ​သ​ဖွယ် လုံး​၍ ပို​မို​ကျယ်​ဝန်း​သော​ပြည်​သို့​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။ သင်​သည်​ထို​ပြည်​တွင် မိ​မိ ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စစ်​ရ​ထား​များ​အ​နီး တွင်​သေ​ရ​လိမ့်​မည်။ သင်​သည်​မိ​မိ​အ​ရှင်​၏ နန်း​တော်​ကို အ​သ​ရေ​ယုတ်​စေ​လိမ့်​မည်။-

19 ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​အ​လုပ်​မှ ထုတ်​ပယ်​တော်​မူ​၍ ကြီး​မြင့်​သည့်​ရာ​ထူး မှ​ဖြုတ်​ချ​တော်​မူ​လိမ့်​မည်'' ဟု​ပြော ကြား​စေ​တော်​မူ​ပါ​၏။

20 ထာ​ဝ​ရ​ဘု​ရား​က​ရှေ​ဗ​န​အား``ငါ​သည် မိ​မိ​၏​အ​စေ​ခံ၊ ဟိ​လ​ခိ​၏​သား​ဧ​လျာ ကိမ်​ကို​ခေါ်​ယူ​ကာ၊-

21 သင်​ရာ​ထူး​အ​လျောက်​ဝတ်​ဆင်​ရ​သည့်​ဝတ် လုံ​ကို​သူ့​အား​ဝတ်​ဆင်​စေ​၍ သင်​၏​ခါး​စည်း ကို​စည်း​စေ​လော့။ သင်​ရ​ရှိ​ခဲ့​သော​အ​ခွင့် အာ​ဏာ​ရှိ​သ​မျှ​ကို​အပ်​နှင်း​မည်။ ထို​သူ သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​နှင့် ယု​ဒ​ပြည်​သူ​တို့​အ​တွက် ဖ​ခင်​သ​ဖွယ် ဖြစ်​လိမ့်​မည်။-

22 ငါ​သည်​သူ့​အား​ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သူ ပြည်​ရှင်​မင်း​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန် အာ​ဏာ​အ​ပြည့်​အ​ဝ​အပ်​နှင်း​ပေး​မည်။ သူ သည်​အ​လုပ်​ဝတ္တ​ရား​များ​ဆောင်​ရွက်​ရာ​တွင် သော့​ချက်​သ​ဖွယ်​ဖြစ်​၍​သူ​ပြု​သည့်​အ​မှု တို့​ကို​အ​ဘယ်​သူ​မျှ​ပြင်​ဆင်​ပြောင်း​လဲ နိုင်​လိမ့်​မည်​မ​ဟုတ်။-

23 ငါ​သည်​ခိုင်​မြဲ​စွာ​ရိုက်​ထား​သည့်​ငုတ်​ကဲ့​သို့ သူ့​အား​မြဲ​မြံ​စွာ​ထား​ရှိ​မည်။ သူ​သည်​လည်း မိ​မိ​အိမ်​ထောင်​စု​တစ်​စု​လုံး​၏​ဂုဏ်​အ​သ ရေ​ကို​ဆောင်​လိမ့်​မည်။