14 သမုဒ္ဒရာတွင်ရောက်ရှိနေသူအချင်းသင်္ဘော သားတို့၊ ဝမ်းနည်းလျက်ညည်းတွားမြည်တမ်း ကြလော့။ သင်တို့ယုံကြည်အားထားရာမြို့ သည်ပြိုပျက်သွားလေပြီ။
15-16 ဘုရင်တစ်ပါး၏တစ်သက်၊ အနှစ်ခုနစ်ဆယ် တိုင်တိုင်တုရုမြို့ကိုလူတို့မေ့ပျောက်လျက် နေမည့်အချိန်ကာလကျရောက်လာလိမ့် မည်။ နှစ်များကုန်လွန်သွားသောအခါ တုရုမြို့သည်၊``သနားစရာကောင်း၍လူတို့ အမှတ်မရကြတော့သည့်ပြည့်တန်ဆာမ၊သင်၏စောင်းကိုယူ၍မြို့ကိုလှည့်လည်လော့။သင်၏ချစ်သူများပြန်လာကြစေရန် စောင်းကိုတီး၍သီချင်းများကိုဆိုဦးလော့''အစရှိသည့်သီချင်းထဲကပြည့်တန်ဆာမ နှင့်တူလိမ့်မည်။
17 အနှစ်ခုနစ်ဆယ်ကုန်လွန်သောအခါ၊ ထာဝရ ဘုရားသည်တုရုမြို့အားရှေးအခါကနည်း တူ တစ်ဖန်ပြန်၍ကုန်သွယ်ရန်ခွင့်ပြုတော်မူ လိမ့်မည်။ ထိုမြို့သည်ကမ္ဘာပေါ်ရှိနိုင်ငံတကာ ၏အစေကိုခံလိမ့်မည်။-
18 ကုန်သွယ်၍ရရှိသည့်ငွေများကို ထာဝရ ဘုရားအားဆက်ကပ်လှူဒါန်းလိမ့်မည်။ ယင်း တို့ကိုသိမ်းဆည်း၍ထားလိမ့်မည်မဟုတ်။ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်သူ တို့သည်လည်း ထိုငွေဖြင့်မိမိတို့လိုအပ် သည့်အစားအစာများနှင့် အဝတ်အထည် များကိုဝယ်ခြမ်းကြလိမ့်မည်။