3 ပင်လယ်ရပ်ခြားသို့စေလွှတ်၍အီဂျစ် ပြည်မှထွက်သည့်ကောက်ပဲသီးနှံများ ကိုရောင်းဝယ်ကာလူမျိုးတကာတို့နှင့် ကုန်သွယ်မှုကိုပြုစေကြ၏။
4 အို ဇိဒုန်မြို့၊ သင်သည်အသရေပျက်လေပြီ။ ပင်လယ်နှင့်သမုဒ္ဒရာကြီးများ၏နက်နဲရာ အရပ်က``ငါ့မှာအဘယ်အခါကမျှသား သမီးများမရှိခဲ့။ ငါသည်ဘယ်သောအခါ ကမျှသားများကိုသော်လည်းကောင်း၊ သမီး များကိုသော်လည်းကောင်းမမွေးဖွားမပြု စုခဲ့'' ဟုဆိုကာသင့်ကိုစွန့်လွှတ်လိုက်လေပြီ။
5 တုရုမြို့ပျက်စီးသွားသည့်သတင်းကို ကြားသောအခါအီဂျစ်အမျိုးသားတို့ ပင်လန့်ဖျပ်သွားကြကုန်၏။
6 အချင်းဖိုနီးရှားပြည်သူတို့၊ ဝမ်းနည်း လျက်ညည်းတွားမြည်တမ်းကြလော့။ စပိန် ပြည်သို့ထွက်ပြေးရန်ကြိုးစားကြလော့။-
7 ဤမြို့သည်ရှေးအခါကတည်ထောင်ခဲ့သည့် မြို့၊ သာယာရွှင်လန်းခဲ့သည့်တုရုမြို့ဖြစ်နိုင် ပါသလော။ ဤမြို့သည်ကိုလိုနီနိုင်ငံများ တည်ထောင်ရန်ပင်လယ်ရပ်ခြားသို့လူများ ကိုစေလွှတ်နေထိုင်စေသည့်မြို့မဖြစ်နိုင် ပါသလော။-
8 ကမ္ဘာပေါ်တွင်ဂုဏ်အသရေအရှိဆုံးဖြစ်သူ မင်းညီမင်းသားကုန်သည်များ၏ဧကရာဇ် နိုင်ငံ၊ မြို့တော်တုရုကိုဤသို့ဖြစ်ပျက်စေ ရန်ကြံစည်တော်မူသောသူမှာအဘယ်သူ ဖြစ်ပါသနည်း။-
9 အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။