ဟေ​ရှာ​ယ 26:17-21 BCL

17 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​တို့​အား​သား​ဖွား​သည့် အ​မျိုး​သ​မီး​ကဲ့​သို့၊နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့်​အော်​ဟစ်​စေ​တော် မူ​ပါ​ပြီ။

18 ကျွန်​တော်​မျိုး​တို့​သည်​နာ​ကျင်​ခြင်း ဝေ​ဒ​နာ​ခံ​ရကြ​ပါ​၏။သို့​ရာ​တွင်​အ​ဘယ်​အ​မှု​ကို​မျှ မ​ဖြစ်​ပွား​စေ​ပါ။ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​နိုင်​ငံ​အ​တွက် အ​ဘယ်​အောင်​ပွဲ​ကို​မျှ​မ​ရ​ကြ​ပါ။အ​ဘယ်​အမှု​ကို​မျှ​အ​ထ​မြောက်​အောင် ဆောင်​နိုင်​ခဲ့​သည်​မ​ရှိ​ပါ။

19 ကျွန်​တော်​မျိုး​တို့​၏​လူ​စု​အ​နက်​မှသေ​လွန်​သွား​ကြ​သူ​တို့​သည်၊တစ်​ဖန်​ပြန်​၍ အ​သက်​ရှင်​လာ​ကြ​ပါ​လိမ့်​မည်။သူ​တို့​၏​ခန္ဓာ​ကိုယ်​များ​သည်​အ​သက်​ဝင်​၍ လာ​ပါ​လိမ့်​မည်။သ​င်္ချိုင်း​တွင်း​၌​လဲ​လျောင်း​နေ​သော​သူ​သေ​တို့​သည် ထ​၍​ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။အ​ရောင်​လျှပ်​သည့်​ဆီး​နှင်း​များ​သည်​ကမ္ဘာ​မြေ ကြီး​ကို ပြန်​လည်​စိမ်း​လန်း​လာ​စေ​သ​ကဲ့​သို့ကာ​လ​ကြာ​မြင့်​စွာ​က​ပင်​သေ​လွန်​ခဲ့​သောသူ​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​သည်​ပြန်​၍ အ​သက်​ရှင်​စေ​တော်​မူ​ပါ​လိမ့်​မည်။

20 ငါ​၏​အ​မျိုး​သား​တို့၊ သင်​တို့​သည်​မိ​မိ​တို့​အိမ် တွင်း​သို့​ဝင်​၍​တံ​ခါး​များ​ကို​ပိတ်​ထား​ကြ လော့။ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ပြေ​သည် တိုင်​အောင်​ကာ​လ​အ​နည်း​ငယ်​ပုန်း​အောင်း​နေ ကြ​လော့။-

21 ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​အ​ပြစ်​ဒဏ်​ခတ်​ရန်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​လျှို့​ဝှက်​ကူး​လွန် ထား​သည့်​လူ​သတ်​မှု​များ​သည်​ပေါ်​လွင်​ထင် ရှား​၍​လာ​လိမ့်​မည်။ အ​သတ်​ခံ​ရ​သူ​တို့​အား မြေ​ကြီး​သည်​ဖုံး​ကွယ်​ထား​တော့​မည်​မ​ဟုတ်။