13 နန်းတော်အဆောက်အဦများနှင့်တံတိုင်း ကာရံထားသည့်မြို့အပေါင်းတို့တွင် ဆူး ပင်အမျိုးမျိုးပေါက်လျက် ခွေးအများနှင့် ဇီးကွက်များခိုအောင်းရာဖြစ်လိမ့်မည်။-
14 ထိုအရပ်တွင်တောတိရစ္ဆာန်များလှည့်လည် သွားလာလျက် မကောင်းဆိုးရွားတို့သည်လည်း အချင်းချင်းအော်မြည်လျက်နေကြလိမ့်မည်။ ကြောက်မက်ဖွယ်ညသတ္တဝါကြီးသည်လည်း ထိုအရပ်သို့လာ၍နားရန်နေရာကိုရှာ လိမ့်မည်။-
15 ဇီးကွက်တို့သည်အသိုက်များလုပ်လျက်ဥ များကိုဥပြီးနောက် ဝပ်၍သားငယ်တို့ကို စောင့်ရှောက်ကာနေလိမ့်မည်။ လင်းတများ သည်လည်းတစ်ကောင်ပြီးတစ်ကောင်လာ ရောက်စုရုံးကြလိမ့်မည်။
16 သက်ရှိသတ္တဝါများအကြောင်းဖော်ပြပါ ရှိသည့် ထာဝရဘုရား၏စာစောင်တော်တွင် ရှာ၍ဖတ်ကြည့်ကြလော့။ ထိုသတ္တဝါတစ် ကောင်မျှပျောက်ဆုံးလိမ့်မည်မဟုတ်။ အဘယ် သတ္တဝါမျှလည်းကြင်ဖော်မဲ့ဖြစ်ရလိမ့် မည်မဟုတ်။ ဤနည်းအတိုင်းဖြစ်စေရန် ထာဝရဘုရားအမိန့်ပေးတော်မူခဲ့လေ ပြီ။ ကိုယ်တော်သည်သူတို့အားစုဝေးစေ တော်မူလိမ့်မည်။-
17 ထိုသတ္တဝါအသီးသီးတို့အားမြေကြီး ပေါ်တွင် နယ်မြေခွဲဝေသတ်မှတ်ပေးတော် မူသောအရှင်ကားထာဝရဘုရားတည်း။ သူတို့သည်အမျိုးစဉ်ဆက်ထိုနယ်မြေများ တွင်နေရကြလိမ့်မည်။ ယင်းတို့ကိုလည်း ထာဝစဉ်ပိုင်ရကြလိမ့်မည်။