ဟေ​ရှာ​ယ 35:7-10 BCL

7 ခြစ်​ခြစ်​တောက်​ပူ​လောင်​လျက်​ရှိ​သည့်​သဲ​များ​သည် ရေ​အိုင်​ဖြစ်​၍၊ခြောက်​သွေ့​သော​မြေ​သည်​လည်း​စမ်း​ရေ​တွင်း​များ ပြည့်​နှက်​၍​နေ​လိမ့်​မည်။ခွေး​အ​များ​ကျက်​စား​လေ့​ရှိ​သည့်​အ​ရပ်​တွင် ကိုင်း​ပင်​ကူ​ပင်​များ​ပေါက်​လာ​လိမ့်​မည်။

8 ထို​အ​ရပ်​တွင်``သန့်​ရှင်း​မြင့်​မြတ်​ရာ​သို့ သွား​သည့်​လမ်း'' ဟုနာ​မည်​တွင်​သော​လမ်း​မ​ကြီး​တစ်​သွယ် ပေါ်​ပေါက်​၍​လာ​လိမ့်​မည်။အ​ဘယ်​အ​ပြစ်​ကူး​သူ​မှန်​သ​မျှ​ထို​လမ်း​ကို လျှောက်​သွား​ရ​လိမ့်​မည်​မ​ဟုတ်။အ​ဘယ်​လူ​မိုက်​က​မျှ​ထို​လမ်း​တွင် လျှောက်​နေ​သူ​တို့​အားလမ်း​မှား​စေ​နိုင်​လိမ့်​မည်​မ​ဟုတ်။

9 ထို​အ​ရပ်​တွင်​အ​ဘယ်​ခြင်္သေ့​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ထို​အ​ရပ်​သို့​အ​ဘယ်​သား​ရဲ​တိရစ္ဆာန်​မျှ​လည်း လာ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ထာ​ဝ​ရ​ဘု​ရား​ကယ်​ဆယ်​ထား​တော်​မူ​သော သူ​တို့​သည်ထို​လမ်း​အ​တိုင်း​မိ​မိ​တို့​နေ​ရပ်​သို့ ပြန်​ရ​ကြ​လိမ့်​မည်မဟုတ်။

10 သူ​တို့​သည်​ဝမ်း​မြောက်​ပျော်​ရွှင်​စွာ​သီ​ချင်း ဆို​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။သူ​တို့​သည်​ထာ​ဝ​စဉ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ လိမ့်​မည်။ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ် ကြ​လိမ့်​မည်။