2 ထိုနောက်သူသည်မိမိ၏ဗိုလ်ချုပ်အား လာခိရှ မြို့မှစစ်သည်အလုံးအရင်းနှင့်ယေရုရှလင် မြို့သို့သွားရောက်ကာ ဟေဇကိမင်းအားလက် နက်ချရန်ပြောဆိုစေ၏။ ဗိုလ်ချုပ်သည်လည်း အထက်ရေကန်မှစီးဆင်းလာသောရေသွယ် မြောင်းအနီး၊ အထည်ယက်လုပ်သူတို့၏ အလုပ်စခန်းတည်ရာလမ်းကိုသိမ်းယူလေ သည်။-
3 ထိုအခါယုဒပြည်သူသုံးဦးတို့သည်သူ နှင့်အတူလာရောက်တွေ့ဆုံကြ၏။ သူတို့ ကားဟိလခိ၏သားနန်းတော်အုပ်ဧလျာ ကိမ်၊ နန်းတော်အတွင်းဝန်ရှေဗနနှင့်၊ အာ သပ်၏သားအမှုတွဲထိန်းယောအာတို့ ဖြစ်သတည်း။-
4 အာရှုရိအရာရှိကသူတို့အား``ဟေဇကိ မင်းသည်အဘယ်ကြောင့် မိမိကိုယ်ကိုဤမျှ ယုံကြည်ကိုးစားလျက်နေကြောင်းဘုရင် ဧကရာဇ်သိရှိလိုပါသည်။-
5 စစ်အင်အားစွမ်းရည်ကိုစကားလုံးဖြင့် အစားထိုးနိုင်လိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။ ငါ့ကိုပုန်ကန်ရန် သင်တို့အားအဘယ်သူကူညီလိမ့်မည် ဟုထင်မှတ်ကြပါသနည်း။-
6 သင်တို့သည်အီဂျစ်ပြည်၏အကူအညီကို စောင့်စားလျက်နေကြ၏။ သို့ရာတွင်ထိုပြည် ကိုအားကိုးခြင်းသည်ကျိုး၍လက်စူးတတ် သည့်ကူရိုးကိုတောင်ဝှေးအဖြစ်အသုံးပြု သည်နှင့်တူ၏။ အီဂျစ်ဘုရင်ကားမိမိတို့ မှီခိုအားကိုးသူရှိလာချိန်၌ကူရိုးနှင့် သာတူသတည်း'' ဟုပြော၏။
7 ထို့နောက်သူသည်ဆက်လက်၍``သင်တို့က`ငါ တို့သည် မိမိတို့ဘုရားသခင်ထာဝရ ဘုရားကို အားကိုးပါသည်' ဟုငါ့အား ပြောဆိုကြပါမည်လော။ ဟေဇကိသည် ထာဝရဘုရားအားဝတ်ပြုရာဌာနများ နှင့် ယဇ်ပလ္လင်များကိုဖြိုဖျက်ပစ်ပြီးနောက် ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့အား ယေရုရှလင်မြို့ရှိယဇ်ပလ္လင် ၌သာလျှင် ဝတ်ပြုကိုးကွယ်ကြစေရန် မှာကြားခဲ့ပေသည်။-
8 ငါသည်ဘုရင်ဧကရာဇ်၏နာမတော်ကို တိုင်တည်၍ သင်တို့နှင့်အလောင်းအစားပြု မည်။ သင်တို့သည်မြင်းစီးသူရဲနှစ်ထောင်ရ ရှိအောင်ရှာနိုင်မည်ဆိုလျှင် သင်တို့အား မြင်းကောင်ရေနှစ်ထောင်ကိုငါပေးမည်။-