ဟေ​ရှာ​ယ 37:35-38 BCL

35 ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍​ဤ​မြို့​ကို​ကာ ကွယ်​စောင့်​ထိန်း​မည်'' ဟု​မိန့်​တော်​မူ​၏။

36 ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-

37 ထို​အ​ခါ​အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​သည်​တပ် ခေါက်​၍​နိ​နေ​ဝေ​မြို့​သို့​ပြန်​တော်​မူ​၏။-

38 တစ်​နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​နိ​သ​ရုတ် ၏​ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​၏။ ဝတ်​ပြု နေ​စဉ်​သား​တော်​များ​ဖြစ်​သော​အာ​ဒြမ္မေ​လက် နှင့်​ရှ​ရေ​ဇာ​တို့​သည်​မင်း​ကြီး​အား ဋ္ဌား​နှင့် ခုတ်​သတ်​ပြီး​လျှင်​အာ​ရ​ရတ်​ပြည်​သို့​ထွက် ပြေး​ကြ​၏။ အ​ခြား​သား​တော်​တစ်​ပါး​ဖြစ် သူ​ဧ​သ​ရ​ဟဒ္ဒုန်​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ သည်။