5 ထာဝရဘုရားကယခုအခါဗာဗုလုန်ပြည် တွင်လည်း ဤအတိုင်းပင်ဖြစ်ပြန်လေပြီ။ သင် တို့သည်ထိုပြည်တွင်အကြောင်းမဲ့သုံ့ပန်းများ ဖြစ်လျက်နေကြရ၏။ သင်တို့ကိုအုပ်စိုးသူ များသည်ပြောင်လှောင်ကာ ငါ့နာမတော်ကို အစဉ်ပင်မထီမဲ့မြင်ပြုကြ၏ဟုမိန့်တော် မူသည်။-
6 သို့ရာတွင်ငါသည်ဘုရားသခင်ဖြစ်တော်မူ ကြောင်း၊ ငါ၏လူတို့သည်ငါ၏နာမတော်ကို သိ၍ သင်တို့အားဗျာဒိတ်ပေးတော်မူခဲ့သူ မှာ ငါဖြစ်ကြောင်းနောင်အခါ၌သင်တို့သိ မှတ်လာကြလိမ့်မည်။
7 ငြိမ်းချမ်းရေးတည်းဟူသောသတင်းကောင်းကို ယူဆောင်လာသူ၊စေတမန်တစ်ဦးတောင်ရိုးကိုဖြတ်ကျော်နေသည်ကိုတွေ့မြင်ရပုံမှာ ကျက်သရေရှိလှပါသည်တကား။ထိုစေတမန်သည်ကယ်တင်ခြင်းသတင်းကို ကြေညာလျက်၊ဇိအုန်မြို့အား``သင်၏ဘုရားသခင်သည် ဘုရင်ဖြစ်တော်မူ၏'' ဟုဆို၏။
8 မြို့စောင့်တပ်သားများသည်အသံကျယ်စွာနှင့်အားရရွှင်လန်းစွာတညီတညွတ်တည်း ကြွေးကြော်လျက်နေကြ၏။ဇိအုန်မြို့သို့ထာဝရဘုရားပြန်လည်ကြွလာတော်မူမည်ကို၊သူတို့ကိုယ်တိုင်ပင် တွေ့မြင်နိုင်ကြလေသည်။
9 အချင်းယိုယွင်းပျက်စီးလျက်ရှိသည့်ယေရုရှလင်အဆောက်အဦတို့၊အားရရွှင်လန်းစွာ ကြွေးကြော်ကြလော့။ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်စေတော်မူပြီ။ကိုယ်တော်သည်ယေရုရှလင်မြို့တော်ကို ကယ်တင်တော်မူပြီ။
10 ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့်လက်တော်အားဖြင့်၊နိုင်ငံအသီးသီး၏ရှေ့တွင်မိမိ၏လူမျိုးတော်ကိုကယ်တင်တော်မူပြီဖြစ်၍၊ထိုအချင်းအရာကိုကမ္ဘာတစ်ဝှမ်းလုံးပင် တွေ့မြင်ရကြလေပြီ။
11 သန့်ရှင်းမြင့်မြတ်သည့်ခွက်ဖလားများကို ကိုင်ဆောင်လာသူအပေါင်းတို့၊ဗာဗုလုန်ပြည်မှချက်ချင်းထွက်ခွာလာကြလော့။တားမြစ်ထားသည့်အရာများကိုလက်နှင့်မျှ မတို့ကြနှင့်။သင်တို့ကိုယ်ကိုသန့်စွာထား၍မြို့ထဲမှ ထွက်ခွာသွားကြလော့။