ဟေ​ရှာ​ယ 53:4-10 BCL

4 ``သို့​ရာ​တွင်​သူ​သည်​ငါ​တို့​ခံ​ထိုက်​သည့်​ဆင်း​ရဲ ဒုက္ခ​ကို​လည်း​ကောင်း၊ငါ​တို့​ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လည်း​ကောင်း​ခံ​ပေ​သည်။ယင်း​သို့​သူ​ခံ​စား​လျက်​နေ​ရ​သည့်​ဒုက္ခ​ဝေ​ဒ​နာ ကို​ပင်​လျှင်၊သူ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​သည့် အ​ပြစ်​ဒဏ်​ဟု​ငါ​တို့​ထင်​မှတ်​ကြ​၏။

5 သို့​နှင့်​လည်း​သူ​သည်​ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် ထိုး​နှက်​သည့်​ဒဏ်​ရာ​များ​ကို​ရ​ရှိ​လျက်၊ငါ​တို့​ပြု​သည်​မ​ကောင်း​မှု​များ​အ​တွက် ရိုက်​နှက်​ခြင်း​ကို​ခံ​ရ​၏။သူ​သည်​ယင်း​သို့​အ​ပြစ်​ဒဏ်​ခံ​ယူ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​ပြစ်​ဖြေ​လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။သူ​ခံ​ရ​သော​ဒဏ်​ရာ​ဒဏ်​ချက်​အား​ဖြင့်​ငါ တို့​သည် အ​နာ​ပျောက်​ကင်း​ခွင့်​ကို​ရ​ရှိ​ကြ​၏။

6 ငါ​တို့​ရှိ​သ​မျှ​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ကာမိ​မိ​တို့​သွား​လို​ရာ​လမ်း​သို့​လိုက်​လျက်​နေ​ကြ သ​ဖြင့်၊ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ခံ​ယူ​ထိုက်​သည့် အ​ပြစ်​ဒဏ်​ကို​ထို​သူ​၏​အ​ပါ်​သို့​တင်​တော်​မူ​၏။

7 ``သူ​သည်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ခံ​ရ​သော်​လည်း သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။သတ်​ရန်​ယူ​ဆောင်​သွား​သည့်​သိုး​သ​ငယ် ကဲ့​သို့​လည်း​ကောင်း၊အ​မွေး​ညှပ်​ခံ​ရ​အံ့​ဆဲ​ဆဲ​ဖြစ်​သော သိုး​ကဲ့​သို့​လည်း​ကောင်း၊သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။

8 လူ​တို့​သည်​သူ့​ကို​ဖမ်း​ဆီး​ပြီး​လျှင်​သေ​ဒဏ် စီ​ရင်​ကြ​၏။ ထို​နောက်​အ​သေ​ခံ​စေ​ရန်​ထုတ်​ဆောင်​သွားကြ​၏။သို့​ရာ​တွင်​သူ​ကြုံ​တွေ့​ရ​မည့်​ကံ​ကြ​မ္မာ​ကို အ​ဘယ်​သူ​မျှ​ဂ​ရု​မ​စိုက်​ကြ။သူ​သည်​ငါ​တို့​အ​မျိုး​သား​တို့​၏​အ​ပြစ်​များ အ​တွက် သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​၏။

9 သူ​သည်​ရာ​ဇ​ဝတ်​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ ကူး​လွန်​ခဲ့​ဖူး​သည်​မ​ရှိ။မု​သား​ကို​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​မ​သုံး စွဲ​ခဲ့။သို့​ရာ​တွင်​သူ​သည်​ငါ​တို့​အ​မျိုး​သား​တို့ ၏ အ​ပြစ်​များ​အ​တွက်​သေ​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​၍၊ရာ​ဇ​ဝတ်​ကောင်​များ​နှင့်​အ​တူ​သင်္ဂြိုဟ်​ခြင်း ကို​လည်း​ကောင်း၊သူ​ဌေး​သူ​ကြွယ်​များ​နှင့်​အ​တူ​မြှုပ်​နှံ​ခြင်း ကို​လည်း​ကောင်း​ခံ​ရ​လေ​သည်။''

10 ထာ​ဝ​ရ​ဘု​ရား​က၊``ထို​သူ​သည်​ငါ​၏​အ​လို​တော်​အ​ရ​ဝေ​ဒ​နာ ခံ​ရ​ခြင်း​ဖြစ်​၏။သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​မိ​မိ​ကိုယ် ကို တင်​လှူ​ပူ​ဇော်​သည်​ဖြစ်​၍မိ​မိ​၏​သား​မြေး​အ​မြောက်​အ​မြား​ကို​တွေ့​မြင်​ခွင့် ရ​ရှိ​လိမ့်​မည်။ သူ​သည်​အ​သက်​ရှည်​လိမ့်​မည်။ငါ​၏​အ​ကြံ​အ​စည်​တော်​အောင်​မြင်​မှု​ကို​လည်း အ​ထောက်​အ​ကူ​ပြု​လိမ့်​မည်။