ဟေ​ရှာ​ယ 11:6-12 BCL

6 ဝံ​ပု​လွေ​များ​သည်​သိုး​တို့​နှင့်​အ​တူ အေး​ချမ်း​စွာ နေ​ကြ​လိမ့်​မည်။ကျား​သစ်​များ​သည်​လည်း​ဆိတ်​ငယ်​များ​နှင့် အ​တူ အိပ်​ကြ​လိမ့်​မည်။နွား​သူ​ငယ်​များ​နှင့်​ခြင်္သေ့​များ၊ အ​တူ​တူ​အ​စာ​စား​ကြ​လျက်သူ​တို့​အား​က​လေး​သူ​ငယ်​များ​က​ထိန်း​ကျောင်း လိမ့်​မည်။

7 နွား​မ​များ​နှင့်​ဝက်​ဝံ​မ​တို့​သည်​အ​တူ​တူ အ​စာ​စား​ကြ​လိမ့်​မည်။သူ​တို့​၏​သား​ငယ်​များ​သည်​လည်း အ​တူ​တူ​အေး​ချမ်း​စွာ​နေ​ကြ​လိမ့်​မည်။ခြင်္သေ့​တို့​သည်​ကျွဲ​နွား​များ​ကဲ့​သို့​မြက်​ကို စား​လိမ့်​မည်။

8 အ​ကယ်​၍​နို့​စို့​က​လေး​သည်​မြွေ​ဆိုး​တွင်း​ဝ​၌​ပင် က​စား​စေ​ကာ​မူဘေး​အန္တ​ရာယ်​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။

9 ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​တော်​ပေါ်​၌ဘေး​အ​န္တရာယ်​ဖြစ်​စေ​သည့်​အ​ရာ​သို့​မ​ဟုတ်ဆိုး​ညစ်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။ပင်​လယ်​များ​သည်​ရေ​နှင့်​ပြည့်​လျက်​နေ​သ​ကဲ့​သို့၊ထို​ပြည်​တော်​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​အား သိ​ကျွမ်း​မှု​အ​သိ​ပ​ညာ​နှင့်​ပြည့်​ဝ​၍​နေ​လိမ့် မည်။

10 ဒါ​ဝိဒ်​မင်း​ဆက်​မှ​ပေါ်​ထွန်း​လာ​သည့်​ဘု​ရင် သည် လူ​မျိုး​တ​ကာ​တို့​အ​ဖို့​အ​ချက်​ပြ​အ​မှတ် လက္ခ​ဏာ​တစ်​ရပ်​ဖြစ်​သည့်​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ သူ​တို့​သည်​သူ​၏​မြို့​တော် သို့​လာ​ရောက်​စု​ရုံး​ကြ​လျက် သူ့​အား​ဂုဏ်​ပြု ချီး​မြှင့်​ကြ​လိမ့်​မည်။-

11 ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တန်​ခိုး​တော်​ကို အ​သုံး​ပြု​တော်​မူ​လျက်​အာ​ရှု​ရိ​ပြည်၊ အီ​ဂျစ် ပြည်၊ ပါ​သ​ရု​ပြည်၊ ဆူ​ဒန်​ပြည်၊ ဧ​လံ​ပြည်၊ ဗာ​ဗု​လုန်​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​ကမ်း ခြေ​ဒေ​သ​များ​နှင့်​ကျွန်း​များ​တွင် ကျန်​ရှိ နေ​သေး​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မိ​မိ​တို့​ဌာ​နေ​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​လိမ့်​မည်။-

12 မိ​မိ​သည်​ကွဲ​လွင့်​လျက်​နေ​သော​ဣ​သ​ရေ​လ ကို​လည်း​ကောင်း၊ ပြန့်​ကျဲ​နေ​သော​ယု​ဒ​လူ​မျိုး တို့​အား ကမ္ဘာ​မြေ​ပြင်​အ​ရပ်​လေး​မျက်​နှာ​မှ ပြန်​လည်​စု​သိမ်း​လျက်​နေ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဖော်​ပြ​ရန်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ချက်​ပြ​အ​လံ​တော်​ကို​လွှင့်​ထူ တော်​မူ​လိမ့်​မည်။-