ဟေ​ရှာ​ယ 14:4-11 BCL

4 ဤ​သို့​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​ခါ​၌ သူ​တို့​သည်​ဗာ​ဗု​လုန်​ဘု​ရင်​အား​ပြက်​ရယ် ပြု​ကာ၊``ရက်​စက်​ကြမ်း​ကြုတ်​သော​မင်း​သည်​ကျ​ဆုံး လေ​ပြီ။ သူ​သည်​နောက်​တစ်​ဖန်​အ​ဘယ်​သူ​ကို မျှ​ဖိ​နှိပ်​ချုပ်​ချယ်​ရ​တော့​မည်​မ​ဟုတ်။-

5-6 ပြည်​သူ​တို့​အား​အ​မျက်​ဒေါ​သ​နှင့်​ဖိ​နှိပ်​ချုပ် ချယ်​ကာ၊ မိ​မိ​နှိမ်​နင်း​အောင်​မြင်​သည့်​လူ​မျိုး တို့​အား​လည်း အ​ဆက်​မ​ပြတ်​ညှင်း​ဆဲ​နှိပ် စက်​တတ်​သူ​မင်း​ဆိုး​မင်း​ညစ်​များ​၏​တန်​ခိုး အာ​ဏာ​ကို​ထာ​ဝ​ရ​ဘု​ရား​ပျက်​သုဉ်း​စေ တော်​မူ​ပြီ။-

7 ဤ​အ​ခါ​ကျ​မှ​ကမ္ဘာ​တစ်​ခု​လုံး​သည် ငြိမ် သက်​အေး​ချမ်း​လျက်​လူ​အ​ပေါင်း​တို့​သည် လည်း​ရွှင်​ပြ​စွာ​သီ​ချင်း​ဆို​ရကြ​၏။-

8 လေ​ဗ​နုန်​တော​မှ​ထင်း​ရှူး​ပင်​များ​နှင့်​အာ​ရစ် ပင်​(သစ်​က​တိုး) တို့​က​သင်​ကျ​ဆုံး​ပြီ​ဖြစ် ၍​ငါ​တို့​အား​ခုတ်​လှဲ​မည့်​သူ​မ​ရှိ​တော့​ဟု ဆို​၍​ဗာ​ဗု​လုန်​ဘု​ရင်​ကျ​ဆုံး​မှု​အ​တွက် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။

9 ``မ​ရ​ဏ​နိုင်​ငံ​သည် ဗာ​ဗု​လုန်​ဘု​ရင်​အား​ကြို ဆို​လက်​ခံ​ရန်​အ​သင့်​ပြင်​ဆင်​လျက်​နေ​၏။ ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​ရှိ​စဉ်​အ​ခါ​က​တန်​ခိုး​ကြီး မား​ခဲ့​သူ​တို့​၏​နာမ်​ဝိ​ညာဉ်​များ​သည် လှုပ်​ရှား သွား​လာ​လျက်​နေ​ကြ​၏။ ဘု​ရင်​တို့​၏​ဝိ​ညာဉ် များ​သည်​လည်း မိ​မိ​တို့​ရာ​ဇ​ပလ္လင်​များ​မှ တက်​ကြွ​လျက်​နေ​ကြ​၏။-

10 သူ​တို့​အား​လုံး​က​ဗာ​ဗု​လုန်​ဘု​ရင်​အား`သင် သည်​ယ​ခု​အ​ခါ၊ ငါ​တို့​ကဲ့​သို့​ချည့်​နဲ့​လျက်​နေ ပါ​ပြီ​တ​ကား၊ ငါ​တို့​လူ​စု​တွင်​အ​ပါ​အ​ဝင် ဖြစ်​လေ​ပြီ​တ​ကား။-

11 အ​ခါ​တစ်​ပါး​က​သင်​သည်​စောင်း​သံ​များ ဖြင့်​ဂုဏ်​ပြု​ဖျော်​ဖြေ​ခြင်း​ကို​ခံ​ခဲ့​ရ​သော် လည်း ယ​ခု​အ​ခါ​မ​ရ​ဏ​နိုင်​ငံ​သို့​ရောက်​ရှိ နေ​ပါ​ပြီ​တ​ကား။ လောက်​ကောင်​များ​ကို​အိပ် ရာ​လုပ်​၍​လဲ​လျောင်း​ကာ​တီ​ကောင်​များ​ကို စောင်​လုပ်​၍​ခြုံ​ရ​လေ​ပြီ​တ​ကား' ဟု​ဟစ် အော်​ပြော​ဆို​ကြ​၏။''