ဟေ​ရှာ​ယ 16:1-4 BCL

1 သဲ​ကန္တာ​ရ​ရှိ​သေ​လ​မြို့​မှ​မော​ဘ​အ​မျိုး​သား တို့​သည် ဇိ​အုန်​တောင်​၏​သ​မီး​ထံ​သို့​သိုး​တစ် ကောင်​ကို​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ပေး​ပို့​လိုက် ကြ​၏။-

2 သူ​တို့​သည်​အာ​နုန်​မြစ်​ကမ်း​ပေါ်​တွင်​စောင့် ဆိုင်း​လျက်​နေ​စဉ် အ​သိုက်​ကို​စွန့်​ခွာ​ခဲ့​ရ​သည့် ငှက်​များ​ကဲ့​သို့ ခြေ​ဦး​တည့်​ရာ​ခေါက်​တုံ့ ခေါက်​ပြန်​သွား​လာ​လျက်​နေ​ကြ​၏။

3 သူ​တို့​က​ယု​ဒ​ပြည်​သူ​တို့​အား``ငါ​တို့​ကို အ​ကြံ​ပေး​ကြ​ပါ။ ငါ​တို့​သည်​စစ်​ပြေး​ဒုက္ခ သည်​များ​ဖြစ်​ပါ​၏။ မွန်း​တည့်​ချိန်​၌​အေး​မြ သော​သစ်​ပင်​၏​အ​ရိပ်​ကဲ့​သို့ သင်​တို့​သည်​ငါ တို့​အား​အ​ကာ​အ​ကွယ်​ပေး​ကြ​ပါ။ အ​ဘယ် သူ​မျှ​ရှာ​၍​မ​တွေ့​စေ​ရန်​ငါ​တို့​အား​ဝှက် ထား​ကြ​ပါ။-

4 သင်​တို့​၏​ပြည်​တွင်​နေ​ခွင့်​ပြု​ကြ​ပါ။ ငါ​တို့ ကို​သုတ်​သင်​ဖျက်​ဆီး​လို​သူ​တို့​၏​ဘေး​မှ ကာ​ကွယ်​စောင့်​ရှောက်​ကြ​ပါ'' ဟု​မော​ဘ ပြည်​သူ​တို့​ပြော​ကြား​ကြ​၏။(ဖိ​နှိပ်​ချုပ်​ချယ်​မှု​နှင့်​သုတ်​သင်​ဖျက်​ဆီး​မှု တို့​သည်​ပ​ပျောက်​၍​သွား​လိမ့်​မည်။ တိုင်း​ပြည် ကို​ပျက်​ပြုန်း​စေ​သော​သူ​တို့​သည်​လည်း​ရှိ ကြ​တော့​မည်​မ​ဟုတ်။-